Caption : မွန်ညီညွတ်ရေးပါတီ အလံ Photo : Mon Unity Party - Central Facebook Page

ရန်ကုန် သြဂုတ် ၁၄

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ နေရာ ၆၇ နေရာစာ ဝင်ရောက်ရွေးချယ်ခံမည့် မွန်ညီညွတ်ရေးပါတီက ၎င်းတို့၏ ရွေးကောက်ပွဲကြေညာစာတမ်းကို မူကြမ်းရေးဆွဲနေပြီဖြစ်ပြီး လာမည့် စက်တင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပါတီ၏ တွဲဘက် အတွင်းရေးမှူး(၁) နိုင်လယိတမက ပြောသည်။

“ ကျွန်တော်တို့ မူကြမ်းရေးဆွဲရေးအဖွဲ့ ဖွဲ့ပြီးတော့ကို ဒါ(ရွေးကောက်ပွဲကြေညာစာတမ်း)ကို သေချာ လုပ်နေပါတယ်။ သြဂုတ်လနှောင်းပိုင်းမှာ ပါတီခေါင်းဆောင်ပိုင်းတွေ အစည်းအဝေးထိုင် ဆုံးဖြတ်ပြီးတာနဲ့ ထုတ်ပြန်မှာပါ ”ဟု နိုင်လယိတမက ဆိုသည်။

အဆိုပါကြေညာစာတမ်းတွင် မွန်ပြည်နယ်နှင့် မွန်လူမျိုးများအတွက်သာမက တစ်နိုင်ငံလုံး ရင်ဆိုင်ခံစားနေကြရသည့် စားဝတ်နေရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ကိစ္စရပ်များကိုပါ ထည့်သွင်းထားကြောင်းလည်း သိရသည်။

မွန်ညီညွတ်ရေးပါတီမှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP) ၊ မွန်အမျိုးသားပါတီ(MNP)နှင့် မွန်နိုင်ငံရေးအင်အားစုတို့ ပူးပေါင်းဖွဲ့စည်းထားသည့် ပါတီဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်တွင် ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ရိုးဂုဏ်

Caption : မွန်ညီညွတ်ရေးပါတီ အလံ
Photo : Mon Unity Party – Central Facebook Page

Leave a Reply