“ စီးပွားရေးက အကုန်လုံးလိမ်ပိန်ပြီးတော့သွားနေကြတယ် ”

မွန်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်နယ်အစိုးရက စတင်ဆောင်ရွက်နေပြီဖြစ်ရာ မည်သည့် ကိစ္စရပ်များကို ဦးစားပေးအကောင်အထည်ဖော်သင့်ခြင်းများကို ဟိုတယ်လုပ်ငန်းနှင့် ကူးသန်းရောင်း ဝယ်ရေး လုပ်ငန်းများကို လုပ်ကိုင်သူ နိုင်မြင့်လွင်နှင့် ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ ပေး လိုက်ပါသည်။ Naing Myint lwin

ဟင်္သာ။ ။ ပြည်ထောင်စုအစိုးရကလည်း စီးပွားရေးမူဝါဒကို ထုတ်ပြန်တော့မယ်။ ပြည်နယ်အစိုးရ ကလည်း စီးပွားရေးနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်နေတယ်ပြောတယ်။ မူဝါဒတွေကို ဘယ်လိုချမှတ် သွား မယ်ဆိုတာ လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ သုံးသပ်ပေးပါ။
နိုင်မြင့်လွင်။ ။ကျွန်တော်အနေနဲ့ ပြောမယ်ဆိုရင် မူဝါဒတစ်ခုခု ထုတ်မယ်ဆိုရင် တိကျမှန်ကန်တဲ့ မူဝါဒဖြစ် စေ ချင်တယ်။ ကုန်သည်အပိုင်းလည်းအဆင်ပြေရအောင် နိုင်ငံတော်ဘဏ္ဍာအခွန်လည်း အဆင်ပြေရအောင် တိကျတဲ့မူဝါဒဖြစ်စေချင်တယ်။ ကျွန်တော်တို့ ကုန်သည်လောကဟာ လတ်တလော ပစ္စည်းတစ်ခုခုမှာခဲ့ရှိရင် ပေါ့။ တရားဝင်လုပ်ငန်းက လူတိုင်းလုပ်ချင်တယ်။ ဒါပေမဲ့ တရားမဝင်လုပ်တဲ့ လုပ်ငန်းလူလည်းရှိတယ် ။ တရားဝင်လုပ်တဲ့လူလည်းရှိတယ်။ အဲမှာ ဘာအခက်အခဲတွေသွားတွေ့လည်း ဆိုတော့ တရားဝင်လုပ်ငန်းလုပ် တဲ့လူအခွန်ဆောင်ပြီးတော့ဆင်းလာတယ် ကြားမှာ တရားမဝင်လုပ်ငန်းလုပ်တဲ့ လူကလည်း ဆင်းလာတယ်။ အဲဒီမှာ ဆောင်ထားတဲ့လူနဲ့ မဆောင်ထားတဲ့ လူတွေကို ဈေးကွက်မှာလာတိုးတဲ့ အခါကျတော့ အခွန်ဆောင် ထားတဲ့လူကျတော့ နစ်နာသွားတယ်။ ကျွန်တော်ဆိုလိုတာက အားလုံး တန်းတူညီမျှမှု။ နိုင်ငံတော်က ပြည်သူတွေ ကုန်သည်တွေ အခွန်ဆောင်မှ နိုင်ငံကတိုးတက်မှာလေ။ ဆိုလိုတာက အခွန်စနစ်အပိုင်းက မူရင်း နယ်စပ်ကုန်သွယ်မှုကနေ ကုန်စည်ကူးသန်းရောင်းဝယ်တာ တစ်ခါတည်း တိတိကျကျပေါ့။ စနစ်တကျကိုင် တွယ်ပြီး လုပ်ဆောင်ရင် ကောင်းတာပေါ့။ ဒါမှသာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလို့ရမယ်။ ဒါကြောင့် မူဝါဒကို တိတိကျကျ စနစ်တကျချရင် ကောင်းမယ်လို့ထင်တယ်။

ဟင်္သာ။ ။အရင်အစိုးရလက်ထက်မှာ စီးပွားရေးတိုးတက်ဖို့အတွက်လုပ်ခဲ့တာမှာ မအောင်မြင်ခဲ့ဘူးဆိုပြီး ဝေဖန် နေကြတယ်။ ဆရာအနေနဲ့ရော ဘယ်လိုမြင်လဲ။
နိုင်မြင့်လွင်။ ။ဟိုးအရင်နဲ့စာရင် ကျွန်တော့်အမြင်တော့ ကောင်းလာတာပဲ ။အထိုက်အလျောက်နဲ့ သူဟာနဲ့သူကောင်းလာတာပဲ။ တစ်နှစ်နဲ့တစ်နှစ်တော့ နည်းနည်းဖွံ့ဖြိုးလာတာရှိတာပေါ့။ ကျွန်တော့်အမြင်တော့ ရာခိုင်နှုန်းမပြည့်လောက်ဘူးထင်တယ်။ စီးပွားရေးက အကုန်လုံးလိမ်ပိန်ပြီးတော့သွားနေကြတယ်။

ဟင်္သာ။ ။အခုလက်ရှိပြည်နယ်အစိုးရကို မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်ကဏ္ဍတွေကို မြင့်တင်ဖို့လိုလဲ။
နိုင်မြင့်လွင်။ ။ ဖွံ့ဖြိုးတိုးတက်ဖို့က နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို ဒီမှာရှိနေတဲ့ လုပ်ငန်းရှင်တွေနဲ့ စုစည်းပြီး တော့ လုပ်ငန်းရှင်တွေစိတ်ဝင်စားအောင် လုပ်ငန်းဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ ဒီလိုဒီလိုလိုအပ်ရင် ပံ့ပိုးပေးမယ့်အစိုးရအနေနဲ့ပေါ့နော်။ လုပ်ငန်းရှင်တွေအပေါ်မှာ အလုပ်ရုံဆွေးနွေးပွဲများများ လုပ်လေကောင်း လေပဲ။ ဒါမှ လုပ်ငန်းရှင်အသင်းနှင့် အစိုးရ လွတ်လပ်စွာတိုင်ပင်လို့ရတယ်။ စီးပွားရေးမြင့်တင်ဖို့ဆိုတာ လုပ်ငန်းရှင်များအသင်းနှင့် အစိုးရ မကြာမကြာ အလွတ်သဘော တွေ့ပြီးတော့ တိုင်ပင်ဆွေးနွေး အဖြေရှာရင် တော့ ပိုကောင်းတာပေါ့။ သဘောက စက်မှုဇုန်အပိုင်းကိုလည်း နိုင်ငံတော်ကနေ ဘယ်လောက် အထိ ဖွင့်ပေးမလဲ ။ လုပ်ငန်းရှင်တွေရဲ့ အသိမိတ်ဆွေတွေရှိလာမယ်ဆိုရင် သူတို့ခေါ်လာဖို့အတွက် လိုင်စင်အပိုင်း ကော၊ လုပ်ငန်းအပိုင်းကော အစိုးရအနေနဲ့ ဘာတွေကို လွယ်လွယ်ကူကူနဲ့ ချပေးလို့နိုင်မလဲ ပေါ့နော်။ ကျွန်တော် နိုင်ငံတကာကနေ ပစ္စည်းတစ်ခု တင်သွင်းမယ်ဆို အခွန်၊ ခွင့်ပြုချက်တွေ လွယ်လွယ်ကူကူ နဲ့ လုပ်ပေးမလား။ အဲလိုတွေ လုပ်ငန်းရှင်နဲ့ အစိုးရ အလုပ်ရုံဆွေးနွေးပွဲတွေ ဆွေးနွေးမယ်ဆို ကောင်းလာမယ် လို့ ကျွန်တော်မြင်တယ်။

ဟင်္သာ။ ။ ဒါဆို ဆရာအနေနဲ့ မွန်ပြည်နယ်မှာ ဘာကိုအဓိကလုပ်စေချင်လဲ။
နိုင်မြင့်လွင်။ ။ ကျွန်တော့်အမြင်အနေနဲ့ အခုလက်ရှိအစိုးရပေါ့နော် ဦးစားပေးလုပ်စေချင်တာက လေယာဉ် ကွင်း ကို ပြန်ပြီးတော့ အကောင်အထည်ဖော်စေချင်တယ်။ မွန်ပြည်နယ်အတွက် ဒီလေယာဉ်ကွင်း တစ်ခုရှိပြီး ဆိုရင်တော့ နိုင်ငံတကာ ဥပမာ-ထိုင်းကနေပဲ ပျံပျံ၊ ဘယ်ကနေပဲ ပျံပျံ မွန်ပြည်နယ်တိုးတက်ဖို့ အတွက်ကို ကျွန်တော့်အမြင်ကတော့ လေယာဉ်ကွင်းကို အကောင်အထည်ဖော် လုပ်ဆောင်ရင်ကောင်းမယ်။ လေယာဉ်အတက်အဆင်းရှိပြီးဆိုရင်တော့ နိုင်ငံခြားက ရင်နှီးမြှုပ်နှံမှုတွေ သူလာတော့မယ်။

ဟင်္သာ။ ။လက်ရှိအစိုးရက စီးပွားရေးနဲ့ ပတ်သက်ပြီး အကောင်ထည်ဖော်တဲ့အပိုင်းကိုရော ဘယ်လိုမြင်လဲ။

နိုင်မြင့်လွင်။ ။အားနည်းချက်အပိုင်းကတော့ လောလောဆယ် မယ်မယ်ရရကျွန်တော်မမြင်သေးဘူး လက်ရှိအစိုးရတက်လာတဲ့ဟာပေါ့နော်။ ကျွန်တော်တို့ မွန်ပြည်နယ် အတိုင်းတာသော်လည်းကောင်း၊ မယ်မယ်ရရလုံးလုံးခဲခဲ ကျွန်တော်တို့ ပြည်သူတွေအတွက် ဘာတွေလမ်းကြောင်းဖွင့်ခဲ့လဲ။ ပြည်သူအတွက်ကို ကူးသန်းရောင်းဝယ်ရေး ထွေထွေထူထူပေါ်လာသလဲ။ အခွင့်အရေးပေါ့။ ကျွန်တော်တို့ မွန်ပြည်သားတွေ အကုန်လုံးပေါ့နော်။ ပြောမယ်ဆိုရင် အစစအရာရာပေါ့။ ဟိုတယ်လိုင်းလည်းဒီလိုပဲ။ ဟိုတယ်လိုင်းကျတော့ အဲဒါကို လူကြီးကို သိစေချင်တယ်။ တစ်ခုကလည်း ထိုင်းအစိုးရနဲ့ ကျွန်တော်တို့နိုင်ငံကအစိုးရနဲ့ နှိုင်းယှဉ် လျှင် ပြည်သူ့အတွက်ကို ဆွဲဆောင်တဲ့နေရာမှာ ကျွန်တော်တို့ ကျွန်တော်တို့ဘက်က နည်းနည်းအားနည်းနေတယ်။

ဟင်္သာ။ ။ ကုန်သည်တစ်ယောက်ဖြစ်တော့ မွန်ပြည်နယ်က မှောင်ခိုကုန်စည်တွေဝင်နေတာ လျော့ကျလာအောင်ရော ပြည်နယ်အစိုးရအနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်တယ်ထင်လဲ။
နိုင်မြင့်လွင်။ ။ ကျွန်တော်အမြင်ပေါ့နော်။ Black(မှောင်ခို) ကိစ္စကို အစိုးရအနေနဲ့ ဥပမာ-ကျွန်တော်တို့ ကုန်စည်တွေကို ကျွန်တော်တို့သယ်လာမယ် ကျွန်တော်တို့ဂိတ်ပုံစံနဲ့ဖွင့်မယ် တားမယ် စစ်ဆေးမယ်။ Black ဖြစ်ခဲ့လို့ရှိရင်လည်း ကျွန်တော်အမြင်ပေါ့နော် ကျွန်တော်လည်း ကုန်သည်ပဲ။ စစ်ဆေးပြီးတော့ သတိပေးတဲ့ အနေနဲ့ သတိပေးတဲ့ပုံစံနဲ့လုပ်သင့်တယ်။ သူတို့ဟာကိုလည်းမသိမ်းနဲ့ မောင်ဖြူ၊ မောင်မဲ ကားနံပါတ် နဲ့ ဒီဟာမင်းနောက်တစ်ခါတင်ရင် သိမ်းမယ်ဆိုပြီး အသိပညာပေးတဲ့အနေနဲ့ လုပ်ဆောင်သင့်တယ်။

ဟင်္သာ။ ။ နောက်ဆုံးအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ဘာများပြောချင်လဲ။
နိုင်မြင်လွင်။ ။ အခွန်ကိုလည်းမမေ့ကြဖို့တိုက်တွန်းချင်တယ်။ နိုင်ငံတော်ကို အခွန်ဆောင်မှ နိုင်ငံက တိုးတက်မယ်။ ကိုယ်ဖြစ်ချင်တာက မီးပေးမပျက်စေချင်ဘူး။ နိုင်ငံတော်မှာ အခွန်ရမှ ကိုယ်လိုချင်တဲ့ဟာကို ကိုယ်တောင်းဆိုလို့ရမယ်။ ကိုယ့်ကို၌ကလည်း တာဝန်မကျေဘူးဆိုရင် နိုင်ငံတော်ဘက်ကလည်း မေတ္တာမျှဝေပေးဖို့က အခက်အခဲရှိတယ်။

Leave a Reply