Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်အတွင်းရှိ ကလေးသူငယ် ၄၀ ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျုးလွန်ခံနေရကြောင်း မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့်ကလေးသူငယ်စွမ်းရည်မြှင့်တင်ရေးရှေ့ ဆောင်အဖွဲ့ ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်သန်းထွေးက ပြောဆိုသည်။

ဇွန်လ ၁၅ ရက်က မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်၌ ပြုလုပ်သည့် အွန်လိုင်းနှင့် ခရီးသွားလုပ်ငန်းများတွင် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုမှ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲပြီးနောက် သတင်းမီဒီယာများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အခုမွန်ပြည်နယ်မှာက လိင်ပိုင်းဆိုင်ရာကျုးလွန်ခံရမှုက မြင့်တက်လာတယ် မြင့်တက်တဲ့အထဲမှာ ကလေးသူငယ်တွေက ရာခိုင်နှုန်းအနေနဲ့ကြည့်ရရင် ၄၀ ရာခိုင်နှုန်းလောက်အထိဖြစ်လာတယ်”ဟု ၎င်းက ပြောသည်။
ထိုရာခိုင်နှုန်းသည် လူမှုဝန်ထမ်းဦးစီးဌာန အပါအဝင် ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့အစည်းမှ ရရှိသည့် စစ်တမ်းများအရ ဖြစ်သည်ဟု ဒေါ်ခင်သန်းထွေးက ပြောဆိုသည်။

လိင်ပိုင်းဆိုင်ရာကျုးလွန်ခံရမှု၌ ကလေးသူငယ်များကို အများအားဖြင့် အသုံးပြုလာကြပြီး စော်ကားသည့်သူများက နယ်မြေခံများမဟုတ်ကြဘဲ အဝေးကသူများသာဖြစ်ကာ၊ သက်ငယ်မုဒိမ်းများတွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခြင်းများကြောင့် ဖြစ်နေသည်ဟု ဒေါ်ခင်သန်းထွေးက မှတ်ချက်ပြုသည်။

လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခံရမှုတွင် ခရီးသွားလုပ်ငန်းနှင့်ဆက်နွယ်နေပြီး မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ကျုးလွန်ခံရသည့်ကလေးများမှာ ဆင်းရဲနွမ်းပါးမှုနှင့်ဆက်နွယ်သည့်ကလေးများ၊ မသန်စွမ်းကလေးများ၊ လူမျိုးခွဲခြားဆက်ဆံခံရကလေးများ၊ ပညာရေးအသိမရှိသည့်ကလေးများ၊ အိမ်တွင်းအကြမ်းဖက်ခံရသူများ အများဆုံး ပါဝင်နေသည်ဟု MRTI အဖွဲ့မှ ဦးသန်းလှိုင်ဦးက ဆိုသည်။

Written by ဂေထော

Advertisements
<

Leave a Reply