Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

မွန်ပြည်နယ်၌ ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု မဖြစ်ပွားစေရန် ဓာတ်အားလိုင်းများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်ဦးစီးမှူးဦးသက်ပိုင်မျိုးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၇ ရက်မှ ၁၆ ရက်အထိပြုလုပ်မည်ဖြစ်ရာ ထိုကာလအတွင်း လျှပ်စစ်မီးမပြတ်တောက်စေရန် ရုံးချုပ်မှညွှန်ကြားချက်အရ ဖေဖော်ဝါရီလအတွင်း ဓာတ်အားလိုင်းများကို ဦးစားပေးပြီး ကြိုတင်စစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း ၎င်းင်းက ပြောသည်။

“စာမေးပွဲဖြေဆိုမယ်ဆိုရင် မီးက ညပိုင်းပဲ အရေးကြီးတယ်ပေါ့၊ ကျောင်းသား၊ ကျောင်းသူတွေက ညဘက်ပိုင်းမှာ စာကျက်ရမယ်လေ။ မီးပျက်သွားရင် အခက်အခဲရှိနိုင်တယ်။ အဲဒီအချိန်မှာ မီးမပျက်ဖို့ အခု ဆရာတို့ ဓာတ်အားလိုင်း စစ်ဆေးမှုတွေကို ပြုလုပ်နေတယ်”ဟု ၎င်းင်းက ဆိုသည်။

ယခုနှစ်အတွင်း မွန်ပြည်နယ်တွင် စာစစ်ဌာန ၅၆ ခုရှိသည့်အနက် လျှပ်စစ်ဌာနမှ ဓာတ်အားခွဲ မီးစက် အလုံအလောက် မဆောင်ရွက်နိုင်သဖြင့် လျှပ်စစ်မီးများ ပြတ်တောက်သွားပါက သက်ဆိုင်ရာ ကျောင်းများမှအရန်မီးစက်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်မှူး ဦးသက်ပိုင်မျိုးကပြောသည်။

မွန်ပြည်နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၀၃ ကျောင်းနှင့် အထကကျောင်းခွဲ ၆၆ ကျောင်းရှိပြီး ယခု ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၇၆၀,၀၀၀ ကျော်ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ခင်နန်းဌေး၊ ဂေထော

Advertisements
<

Leave a Reply