မော်လမြိုင်၊ ဒီဇင်ဘာ 

မွန်တွင် ပညာသင်နှစ်တစ်နှစ်ကျော်ကာလအတွင်း၌ ပညာရေး ဝန်ထမ်းအဖြစ်မှ အမှုထမ်း၊ အရာထမ်း ၁၀ ဦးကို လုပ်ငန်းတာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး မှတ်တမ်းအရ သိရသည်။

၂၀၁၆- ၂၀၁၇ ပညာသင်နှစ်တွင် ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်မှုကြောင့် ကျောင်းအုပ်တစ်ဦး နှင့် ပညာရေးဝန်ထမ်း စာရေးစုစုပေါင်း လေးဦးထုတ်ပယ်ခဲ့ကြောင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် လုပ်ငန်းခွင်နှင့် ကင်းကွာနေသည့် ပညာရေး ဝန်ထမ်း သုံးဦးကိုလည်းထုတ်ပယ်ခဲ့ပြီး ၂၀၁၇- ၂၀၁၈ ပညာသင်နှစ် ဒီဇင်ဘာလအထိ သုံးဦး ထပ်မံ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သူ အချို့သောဝန်ထမ်းများကို စာဖြင့် သတိပေးခြင်းနှင့် ပညာရေးမှူးထံ ခေါ်ယူသတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့်ပညာသင်နှစ်နှင့် ယခု၂၀၁၇ – ၂၀၁၈ သင်နှစ်၊ သြဂုတ်လထိ ပညာရေးဝန်ထမ်း ၈၄၀ ကျော်ကို အရေးယူခဲ့ကြောင်း ၊ ယင်းအနက်မှ အမှုထမ်း၊ အရာထမ်း စုစုပေါင်း ၈၅ ဦးကို ပညာရေးဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

Written by ရင်ငြိမ်းချမ်း

Leave a Reply