Advertisements

မော်လမြိုင် ဧပြီ

ယခုနှစ် မဟာသင်္ကြန်ကာလအတွင်း မွန်ပြည်နယ်၌ မှုခင်း ၅၉ မှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဧပြီ ၁၃ ရက်မှ ၁၆ ရက်အတွင်း လူသတ်မှု ၁ မှု၊ ခိုးမှု (ရိုးရိုး) ၂ မှု၊ ယာဉ်တိုက်မှု ၁၆မှု၊ နာကျင်စေမှု ၂ မှု၊ ကျန်အခြားအမှု ၁၈ မှု ၊ လက်နက်မှု ၂ မှု၊ ယစ်မျိုး ဖမ်းဆီးရမိမှု၅ မှု၊ ခိုးမှု/ ခါးပိုက်နှိုက် မသင်္ကာမှု ၃ မှု နှင့် သေမှုသေခင်း ၁၀ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သင်္ကြန်တွင်း မှုခင်းဖြစ်ပွားမှုများမှာ နာကျင်စေမှု ၁ မှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာ ရရှိမှု၂ ဦးသာ ရရှိခဲ့ကြောင်း၊ ကျန်အမှုများမှာ သင်္ကြန်နှင့် မသက်ဆိုင်သည့် အမှုဖွင့်လှစ်ထားမှုများသာဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သင်္ကြန်နှင့် မသက်ဆိုင်သည့် မှုခင်းဖြစ်ပွားမှုများတွင် လူသတ်မှုကြောင့် ၁ ဦး၊ ယာဉ်တိုက်မှုကြောင့် ၁၈ ဦး၊ သေမှုသေခင်း ဖြစ်ပွားမှုကြောင့် ၁၀ဦး၊ စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ရပြီး ကျန်အခြားမှုခင်းဖြစ်ပွားမှုများမှ ၄၀ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဟင်္သာမီဒီယာ

Advertisements
<

Leave a Reply