(ဓါတ်ပုံအညွှန်း – မော်လမြိုင်မြို့ ရပ်ကွက် ဆွမ်းကြီးလောင်းပွဲတော် တစ်ခု၌ လောင်းကစားဝိုင်းတစ်ခု အားတွေ့ရစဉ်)

မွန်ပြည်နယ်တွင် လောင်းကစားမှုနှင့် မှုးယစ်ဆေးဝါးမှုများမှ ဖမ်းဆီးရမိသည့် ဘဏ္ဍာငွေသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်ထိ ငါးနှစ်တာအတောတွင်း ငွေကျပ် ၁၂၆၉ သန်းကျော်ရှိခဲ့ကြောင်း ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ ထုတ်ပြန်ခဲ့သည့် မှတ်တမ်းများအရ သိရသည်။

လောင်းကစားနှင့် မှုးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှု များပြုလုပ်ခဲ့ရာ လောင်းကစားမှု ၅၃၆ မှုတွင် တရားခံ ၁၀၁၀ ဦးကို ဖမ်းဆီးမိခဲ့ကြောင်းနှင့် ယင်းအမှုများမှ ငွေကျပ် ၃၉ ဒသမ ၂၂၄ သန်း သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးအမှုသည် ၄၂၄ မှုရှိပြီး တရားခံ ၆၅၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကာ ယင်းအမှုမှ ငွေကျပ် ၁၂၃၀ ဒသမ ၁၄၁ သန်း ရရှိခဲ့ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

(ဓါတ်ပုံအညွှန်း – မော်လမြိုင်မြို့ ရပ်ကွက် ဆွမ်းကြီးလောင်းပွဲတော် တစ်ခု၌  လောင်းကစားဝိုင်းတစ်ခု အားတွေ့ရစဉ်)
(ဓါတ်ပုံအညွှန်း – မော်လမြိုင်မြို့ ရပ်ကွက် ဆွမ်းကြီးလောင်းပွဲတော် တစ်ခု၌ လောင်းကစားဝိုင်းတစ်ခု အားတွေ့ရစဉ်)

“လောင်းကစားမှုတွေက ပါမစ်ပေးတဲ့လူတွေအနေနဲ့ ဘယ်လိုလောင်းကစားမျိုးထိ လုပ်ပိုင်ခွင့်ပေးလဲဆိုတဲ့ အပေါ်မူတည်ပြီး အနည်းအများ ကွာသွားမှာပါ၊ မူးယစ်ဆေးဝါးတွေကလည်း ကျောင်းသားတွေကြားထဲ၊ ကွမ်းယာဆိုင်တွေ အစရှိသဖြင့် နေရာအသီးသီးကနေ အလွယ်ရနေတာဆိုတော့ နယ်စပ်ဂိတ်တွေအပြင် မွန်ပြည်နယ်အတွင်းကို ဝင်လာနိုင်တဲ့ ဂိတ်မှန်သမျှ ပြင်းပြင်းထန်ထန် စောင့်ကြည့်ဖို့ လိုပါတယ်”ဟု မွန်ပြည်နယ် လူမှုအဖွဲ့အစည်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါ်အေးသီတာကျော်က ပြောသည်။

ယခုလက်ရှိအချိန်တွင် မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးအတွက် ထိရောက်သော ကြိုတင်ကာကွယ်မှုများ၊ မှုခင်းဖော်ထုတ် ဖမ်းဆီးအရေးယူမှုများကို ယခင်ကထက် ပိုမိုထိရောက်စေရန် ဆက်လက် ဆောင်ရွက်နေပြီးဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး မှတ်တမ်းတွင် ဖော်ပြထားသည်။

Leave a Reply