မော်လမြိုင်၊ ဇွန်
လာမည့် မိုးရာသီကာလတွင် မွန်ပြည်နယ်အတွင်း ရင်ဆိုင်ရမည့် သဘာဝဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
“အဓိကတော့ ကြိုတင်ပြင်ဆင်ထားတာက အချက် (၂၁)ချက်လောက်ရှိတယ်။ အဓိကအချက်တွေကိုပဲ ပြောပြမယ်။ အဓိကအချက်က ပထမဦးဆုံးအနေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ စုဆောင်းတယ်။ မွန်ပြည်နယ်ဦးစီးဌာနရုံးမှာကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု (၁၀၀၀)
နဲ့သထုံခရိုင်ဦးစီးဌာနမှာဆို အိမ်ထောင်စု (၈၀၀) မြို့နယ်ဦးစီးမှူးရုံးမှာ အိမ်ထောင်စု (၁၀)စုလောက် ကျွန်တော်တို့ ကယ်ဆယ်ရေးပစ္စည်းတွေ စုဆောင်းထားတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။
၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရေးကြီးမှုကြောင့်လာမည့်မိုးရာသီကာလတွင်ယင်းဖြစ်စဉ်များ လျော့နည်းသက်သာလာစေရန် မော်လမြိုင်မြို့၊ ကျိုက်မရောမြို့နယ်နှင့် အခြားမြို့နယ်များတွင် တူးမြောင်းတူးဖော်ခြင်း၊ ချောင်းများရှိ ရွှံ့နွံများကို ပြန်လည်တူးဖော်ခြင်း စသည့်တို့ကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
သဘာဝဘေးအန္တရာယ်များကျရောက်လာမည်ဆိုပါကအရေးပေါ်အထောက်အကူပစ္စည်းများ အသုံးပြုနိုင်စေရေးဖိုင်ဘာစက်တပ်လှေများအနေနှင့် ရေးမြို့နယ်တွင် (၃) စီး၊ ဘီးလင်းမြို့နယ်တွင် (၁၂) စီး၊ သထုံခရိုင်တွင် (၁)စီးနှင့် သက်ကယ်အင်္ကျီ (၃၆၅) ထည်မှာပြည်နယ်အရန်
အတွက် (၁၄၀) ထည်၊ ဘီးလင်းမြို့နယ် (၂၁၀) ထည်နှင့် သထုံခရိုင်တွင် (၁၅) ထည် တို့ကိုသက်ဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီထံဖြန့်ဝေထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရရုံးထံမှ သိရသည်။
မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရွက်ရန်အတွက် ဘီးလင်းမြို့နယ်တွင် ရေစုပ်စက် (၈) လုံးနှင့် မီးစက်သုံးလုံး၊ သထုံမြို့နယ်တွင် ရေစုပ်စက် (၅) လုံး၊ ကျိုက်မရောမြို့နယ် ရေစုပ်စက် (၇) လုံး တို့ကိုဘာဝဘေးအန္တရာယ် ကာကွယ်
ရေးကော်မတီထံ ဖြန့်ဝေထားပြီးဖြစ်သည်။
ယင်းအပြင် အရေးပေါ်ခိုလှုံရန်အတွက် ဘီးလင်းမြို့နယ်၊ကန်သာယာရပ်ကွက်၊ ဆရာစံရပ်ကွက်တို့တွင် လူ (၅၀၀) ဆံ့သည့် အဆောင်အအုံကိုအမြန်ဆောင်ရွက်နေလျက်ရှိပြီးချောင်းဆုံမြို့နယ်၊ ဒေါပုံကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် ဆယ်ပလာကျေးရွာတို့မှာလည်း ဆောင်
ရွက်နေလျက်ရှိကြောင်း ၎င်းကဆိုသည်။
မွန်ပြည်နယ်အတွင်း စာသင်ကျောင်းများ၊ ရပ်ကွက်များနှင့်ကျေးရွာများတွင်သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီးအသိပညာပေးဟောပြောပွဲများ၊သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုအခြေခံသင်တန်းများကိုလည်း ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းကမိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုကြောင့်မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
အောင်မြတ်