Advertisements

မော်လမြိုင်၊ ဇန်နဝါရီ 

မွန်ပြည်နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်လျက်ရှိရာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ရွေးချယ်ပြီးစီးသည့် အုပ်ချုပ်ရေးမှူးများ၌ အမျိုးသမီး နှစ်ဦးရွေးချယ်ခံရကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံး၊ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

အဆိုပါ အမျိုးသမီး နှစ်ဦးမှာ ကျိုက်မရောမြို့နယ် ၊သံကလောင်ကျေးရွာမှ ဒေါ်မိမာလာမွန်နှင့် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာမှ ဒေါ်ချိုချိုသင်း တို့နှစ်ဦးဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို ဒေသအသီးသီး၌ ဒီဇင်ဘာလဘာ လဆန်းပိုင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး ယခုဇန်နဝါရီ ၃၁ ရက်နေ့ အပြီးရွေးချယ်နိုင်ရန် ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ သထုံခရိုင်တွင်းရှိ ကျေးရွာ ၂၆ စုနှင့် မော်လမြိုင်ခရိုင်တွင်းရှိ ၁၂၇ စုတွင် ရွေးချယ်ပြီးစီးပြီ ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ရွေးချယ်ပြီးစီးသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၅၃ ဦး၏ စာရင်းများကိုလည်း အတည်ပြုထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ယခုနှစ်ဆန်း၊ ဒုတိယသီတင်းပတ်အထိ ပြည်နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခဲ့ရာတွင် ၃၅ ရာခိုင်နှုန်းသာ ပြီးစီးခဲ့ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ဇန်နဝါရီ ၃၁ ရက်နေ့ အပြီးသတ် ရွေးချယ်ရန် ညွှန်ကြားထားသည်။

Written by ရင်ငြိမ်းချမ်း

Advertisements
<

Leave a Reply