Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်ဒေသထွက် အသုံးအဆောင်ပစ္စည်းများကို MADE IN MON အမှတ်တံဆိပ်ဖြင့်ထိုးဖောက်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါအမှတ်တံဆိပ် ထွက်ပေါ်လာရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ရိုးရာ အဝတ်အထည်၊ စားသောက်ကုန်၊ ဝါးအသုံးအဆောင်နဲ့ ပရိဘောဂပစ္စည်းများကို ထုတ်လုပ်သွားမှာ ဖြစ်ပြီး၊ ADB ၏ အမေရိကန်ဒေါ်လာသုံးသန်း ပံ့ပိုးမှုဖြင့် မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံနှင့် ကျိုက်ထိုမြို့နယ်တို့တွင်လုပ်ဆောင်မည်ဖြစ်သည်။

“အရှေ့နောက်စီးပွားရေးစင်္ကြံလမ်းကြီး (East – WestEcomomic Corridor .EWEC)ဖွင့်လိုက်တဲ့အခါ အခွင့်အလမ်းတွေအများကြီးကျလာမှာဖြစ်တဲ့အတွက် ကြိုတင်အခြေချထားတဲ့အနေနဲ့ မွန်ပြည်နယ်မှာ စီမံကိန်း အကောင်ထည်ဖော်ခြင်းဖြစ်ပါတယ်” ဟု စီမံကိန်းအဖွဲ့ခေါင်းဆောင် Mr.Paul D. Ramirez Tapia ကပြောသည်။

မော်လမြိုင်မြို့ KS ဟိုတယ်တွင် ဇူလိုင် ၃၀ ရက်နေ့က ပြုလုပ်သည့် “Made in Mon”Team Day အလုပ်ရုံဆွေးနွေးပွဲတွင်စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားရာ၌၎င်းကယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စီးပွားရေးလမ်းတစ်လျှောက်စင်္ကြလမ်းတွင် ပါဝင်သည့် မွန်ပြည်နယ်သည် ခရီးသွားလာမှုတိုးတက်လာသည့်အခါ MADE IN MON အမှတ်တံဆိပ်ဖြင့် အားထားရသည့် ပြည့်ပပို့ကုန်အဖြစ် ရပ်တည်နိုင်ရန် ရည်ရွယ်ပြီး ADB ၏ပံ့ပိုးမှုဖြင့် အဆိုပါ ၄ မြို့နယ်မှ မိသားစုများအား နည်းပညာများနှင့် အခြားလိုအပ်သော သင်ကြားမှုများကိုလုပ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါလုပ်ငန်းကို ဘတ်ဂျက်ခွင့်ပြုငွေ အမေရိကန်ဒေါ်လာသုံးသန်းဖြင့်စတင်ကာ  ဇွန်လအထိ ၁.၁၈၀.၃၆၀ သုံးစွဲပြီး၊ကျန် ၁.၈၁၉. ၆၃၉ ကို ၂၀၂၀ခုနှစ်အထိသုံးစွဲခွင့်တိုးပေးထားကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးထွန်းမင်းအောင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ADB ကိုယ်စားလှယ်များနှင့် ဟိုတယ်ခရီး၊ စားသုံးသူ၊ စက်မှုကြီးကြပ်၊ သမဝါယဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားတွင် မုဒုံမြို့နယ်ထွက် ရိုးရာ သဘာဝဆိုးဆေးအဝတ်အထည်၊ ချောင်းဆုံမြို့နယ်ထွက် ခေါက်မုန့်၊ ဝါးအိမ်သုံးပစ္စည်း၊ကျိုက်ထိုမြို့နယ်ထွက် ယိုစုံ၊ သဘာဝအလှကုန်၊ဝါးအသုံးဆောင်ပရိဘောဂများခင်းကျင်း ပြသထားကြောင်းသိရသည်။

မြသက်

Leave a Reply