(ဓါတ်ပုံ အညွန်း – နိုင်သိုက်၏ ဈာပနအခမ်းအနား ကို ဖေဖော်ဝါရီလ ရရက်နေ့ ညနေ ၃ နာရီအချိန်တွင် မော်လမြိုင်မြို့ ပိန္နဲကုန်းသုဿန် တွင်ပြုလုပ်ခဲ့ပုံ)

မော်လမြိုင်၊ ဖေဖော်ဝါရီ ရ ။ ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) ဥက္ကဋ္ဌ နိုင်သိုက်သည် ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ၎င်း၏ ဈာပန မွန်ရိုးရာဓလေ့ အတိုင်း သင်္ဂြိုလ် ခဲ့ကြောင်း အဆိုပါ ပါတီ ထံမှသိရှိရသည်။

နိုင်သိုက်၏ ဈာပနအခမ်းအနား ကို ဖေဖော်ဝါရီလ ရရက်နေ့ ညနေ ၃ နာရီအချိန်တွင် မော်လမြိုင်မြို့ ပိန္နဲကုန်းသုဿန် တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

AMDP ပါတီ ဥက္ကဋ္ဌနိုင်သိုက်သည် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

AMDP ဥက္ကဋ္ဌ နိုင်သိုက် ကွယ်လွန်ချိန်တွင် အသက်(၈၅)နှစ် ရှိပြီဖြစ်ကြောင်း မိသားစုဝင်များ ကပြောကြား သည်။

အဆိုပါ စျာပန အခမ်းအနာကို မွန်အမျိုးသားပါတီ(MNP)မှ ခေါင်းဆောင် များ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP)ပါတီဝင်များ နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ကျောင်းသား ခေါင်းဆောင် ဦးမင်းဇေယျတို့ တက်ရောက်ခဲ့ကြသည်။

“ဥက္ကဋ္ဌဆုံးပါးသွားတော့ ပါတီအတွက် အများကြီး နစ်နာတယ်၊ ဥက္ကဋ္ဌက စိတ်ကောင်း၊ စေတနာကောင်း လည်းရှိတယ်” ဟု AMDPပါတီ ဗဟိုကော်မတီဝင် နိုင်စံတင် ကပြောကြားသည်။

(ဓါတ်ပုံ အညွန်း – နိုင်သိုက်၏ ဈာပနအခမ်းအနား ကို ဖေဖော်ဝါရီလ ရရက်နေ့ ညနေ ၃ နာရီအချိန်တွင် မော်လမြိုင်မြို့ ပိန္နဲကုန်းသုဿန် တွင်ပြုလုပ်ခဲ့ပုံ)
(ဓါတ်ပုံ အညွန်း – နိုင်သိုက်၏ ဈာပနအခမ်းအနား ကို ဖေဖော်ဝါရီလ ရရက်နေ့ ညနေ ၃ နာရီအချိန်တွင် မော်လမြိုင်မြို့ ပိန္နဲကုန်းသုဿန် တွင်ပြုလုပ်ခဲ့ပုံ)

AMDP ပါတီ ဥက္ကဋ္ဌ နိုင်သိုက်သည် မော်လမြိုင် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ အဖြစ် သေဆုံးသည့်အချိန်အထိတာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ကြောင်း ၄င်းကပြောသည်။
နိုင်သိုက်သည် ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တိုင်းရင်းသား မိသဟာရအဖွဲ့(Ethnic Nation Mediation Fellowship )တွင် ပါ၀င် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ နိုင်သိုက် သည် ပါတီစထူထောင်စဉ် ၁၅ ဦး ကော်မတီဝင်ထဲတွင် ပါဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ် မှစတင်ကာ AMDP ပါတီ ဥက္ကဋ္ဌအဖြစ် ကွယ်လွန်သည့် အချိန်ထိ တာဝန်ထမ်းဆောင်ခဲ့ သည်။

Leave a Reply