( ဓာတ်ပုံ အညွှန်း – မွန်နှစ်ပါတီ ပေါင်းစည်းရေး အတွက် မွန်နိုင်ငံရေး ပါတီများ ၊ အရပ်ဖက်အဖွဲ့ အစည်းများ နှင့် မွန်ပြည်သစ် ပါတီတို့ လေးကြိမ်မြောက် ဆွေးနွေးခဲ့ကြစဉ် )

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၈ ။ ။ မွန်တိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေးပါတီ နှစ်ခု ပေါင်းစည်းရေးကိစ္စ နှင့်ပတ်သက်ပြီး နှစ်ဖက်ပါတီခေါင်း ဆောင် ပိုင်းက စိတ်ဝင်စားမှုမရှိကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင်များနှင့် အရပ်ဖက်အဖွဲ့အစည်း များက ပြောကြားသည်။

( ဓာတ်ပုံ အညွှန်း – မွန်နှစ်ပါတီ ပေါင်းစည်းရေး အတွက် မွန်နိုင်ငံရေး ပါတီများ ၊ အရပ်ဖက်အဖွဲ့ အစည်းများ နှင့် မွန်ပြည်သစ် ပါတီတို့ လေးကြိမ်မြောက် ဆွေးနွေးခဲ့ကြစဉ် )
( ဓာတ်ပုံ အညွှန်း – မွန်နှစ်ပါတီ ပေါင်းစည်းရေး အတွက် မွန်နိုင်ငံရေး ပါတီများ ၊ အရပ်ဖက်အဖွဲ့ အစည်းများ နှင့် မွန်ပြည်သစ် ပါတီတို့ လေးကြိမ်မြောက် ဆွေးနွေးခဲ့ကြစဉ် )

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသား ပါတီတို့ ပူးပေါင်းရေးအတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ က မွန်မင်းလမ်းရေကူးကန်တွင် ပြုလုပ်သောအရပ်ဖက်အဖွဲ့ အစည်းများ ၊နိုင်ငံရေး ပါတီ များ နှင့် မွန်ပြည်သစ် ပါတီ တို့ ၏ လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ခေါင်းဆောင်ပိုင်းက စိတ်မဝင်စားတဲ့သူတွေရှိတယ်၊ စိတ်မဝင်စားတာက လူကြီးတွေရဲ့ ဟိုအရင်ကရှိခဲ့တဲ့ အမြင်တွေပေါ့၊၂၀၁၂နောက်ပိုင်း ပါတီနှစ်ခု ညှိနှိုင်းတဲ့အချိန်ကစတာပေါ့၊ အဲ့ကစတဲ့ မကြေလည်မှုတွေက အခု ထိပဲ ပေါင်းစည်းရေးကိစ္စကိုရှေ့ဆက်မတိုးချင်တဲ့ အနေအထားတွေရှိတယ်”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေ စီပါတီ ဗဟိုကော်မတီဝင် နိုင်တလချမ်းက ဟင်္သာ မီဒီယာ သို့ပြောသည်။

ပါတီနှစ်ခု ပူးပေါင်းနိုင်ရေးအတွက် ပါတီ ခေါင်းဆောင်ပိုင်းတွေကို ဖိအားပေးနိုင်သည့် အနေအထား မရှိသေး သောကြောင့် ပြည်သူလူထုနှင့် ပူးပေါင်းကာ ပေါင်းစည်းနိုင်ရေး ကိစ္စတွေကို ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“မွန်တိုင်းရင်းသားတွေအတွက် မွန်ပြည်နယ်မှာ ခိုင်မာတဲ့ ပါတီတစ်ရပ်ရှိဖို့လိုတယ်၊ဒီကိစ္စကို ကြိုးစားရမယ် ပါတီခေါင်းဆောင်တွေကနေ ဒီကိစ္စကို အချင်းချင်း တွေ့ဆုံဆွေးနွေးဖို့လိုမယ်၊ ကျွန်တော်တို့ပါတီကတော့ ပူးပေါင်းရေးကို အမြဲလမ်းဖွင့်ထားပါတယ် ”ဟု မွန်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမင်းကြည်ဝင်းကပြော သည်။

မွန်နှစ်ပါတီ ပေါင်းစည်းရေးလိုလားသော မွန်ပြည်နယ် အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပါတီပူးပေါင်းရေးကိစ္စကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ပေါင်းရမှာ အတိအကျလုပ်ရမှာဖြစ်တယ်၊ ပေါင်းစည်းရေးကို တွန်းအားပေးဖို့လိုတယ်၊ ပြည်သူတွေရဲ့တောင်း ဆိုမှုကို ကျွန်တော်တို့က သူတို့ကိုတွန်းအားပေးဖို့လိုပါလိမ့်မယ်၊ ခေါင်းဆောင်ပိုင်းတွေက မပေါင်းနိုင်ကြတာ ကို ကျွန်တော်မြင်တယ်၊ပါတီဝင်တွေက ပေါင်းနို်င်တဲ့ စိတ်ဆန္ဒရှိကြတယ်၊ ”ဟု ( HURFOM ) မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း မှ နိုင်စဝေါမွန်က ပြောသည်။

အဆိုပါ မွန်နှစ်ပါတီ ပေါင်းစည်းရေး အတွက် ဆွေးနွေးပွဲ ကို မွန်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်း များ၊ မွန်ပြည်သစ်ပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့တက်ရောက် ခဲ့သည်။

မွန်နှစ်ပါတီပေါင်းစည်းရေး နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီတစ်ခုဖွဲ့ကာ မွန်ပါတီ နှစ်ခု ပေါင်းစည်းနိုင်ရေးကိစ္စကို အစီအစဉ်များရေးဆွဲမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မွန် နိုင်ငံရေးပါတီများ စည်းလုံးမှုမရှိသည့် အတွက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း တိုးတက်သောမွန်လူငယ်များအဖွဲ့(MYPO)၊ မွန်ပြည်သစ်ပါတီ ၊ ညီညာသောမွန်ရဟန်းပျိုများ အဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Reply