Advertisements

မော်လမြ်ိုင်၊ ဇွန်

မွန်နိုင်ငံရေး ပါတီများဖြစ်သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေပါစီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) နှစ်ပါတီထိပ်ပိုင်း ခေါင်းဆောင်များသည် ဇွန် ၁၈ရက်က မော်လမြိုင်မြို့ရှိ AMDP ပါတီရုံးမှာတွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် နှစ်ပါတီ ပေါင်းစည်းရေးအတွက် ဘုံသဘောတူညီချက် ငါးချက်ရရှိခဲ့ကြောင်း နှစ်ဖက်ပါတီခေါင်းဆောင်များက ပြောဆိုသည်။

“ကျွန်တော်တို့ အချက် ငါးချက် သဘောတူညီမှုရခဲ့တယ်၊ ဒီ ငါးချက်ကို လာမယ့်အပတ်မှာ ဆက်ဆွေးနွေးသွားမယ်” ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှုုး နိုင်လယိတမက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

နှစ်ပါတီ သဘောတူညီခဲ့သည့် အချက် ငါး ချက်ကိုတော့ လတ်တလောတွင်ထုတ်ဖော် ပြောဆိုရန်မရှိသေးသော်လည်း လာမည့်အပတ်ဆွေးနွေးပွဲပြီးမှ ထုတ်ပြန်သွားမည်ဟု ၎င်းကပြောသည်။

ဘုံ သဘောတူညီချက် ငါးချက် ရရှိခဲ့သောကြောင့် နှစ်ပါတီပေါင်းစည်းရေးအမြန်ဆုံး ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပြီး အလားလာလည်းကောင်းနေသည်ဟု နိုင်လယိတမက ဆိုသည်။

“ကျွန်တော်တို့အမြင်နေနဲ့ပြောရင် တစ်ယောက်နဲ့ တစ်ယောက် လုံးဝစကားမပြောတာထက် အခုစကားပြောလာပြီး ပေါင်းဖို့လည်း ရက်ရွေးရတော့မယ်ဆိုတဲ့အချိန် ရောက်နေပြီပေါ့ ဒါကြောင့် အလားလာကောင်းလို့မြင်တယ်”ဟု မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်ကျန်ရစ်ကဟင်္သာမီဒီယာသို့ပြောသည်။

လာမည့် ဇူလိုင် နောက်ဆုံးအပတ်တွင် နှစ်ပါတီထိပ်ပိုင်းခေါင်းဆောင်များ ထပ်မံဆွေးနွေးပွဲကို မွန်အမျိုးသားပါတီရုံးမှာ ပြုလုပ်သွားဖို့ရှိနေသည်။

ဇွန် ၁၈ ရက်က ပြုလုပ်ခဲ့သည့်နှစ်ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေပါစီ(AMDP)မှ နိုင်ချမ်းတွဲ ့(ဒုတိယဥက္ကဋ္ဌ)၊ ဒေါက်တာဗညားအောင်မိုး၊ နိုင်မြင့်ဆွေ၊ နိုင်ကျန်ရစ်၊ မိလဝီဟန် တို့ တက်ရောက်ခဲ့ပြီး မွန်အမျိုးသားပါတီ (MNP) မှ နိုင်တင်အောင်(ဒုတိယဥက္ကဋ္ဌ)၊ နိုင်လယိတမ ၊ နိုင်စိုးမြင့်၊ နိုင်ထွန်းဖေ၊ မိကျဲကျဲညီ တို့ တက်ရောက်ခဲ့သည်။

အဆိုပါ ပါတီနှစ်ခုသည် ပြီးခဲ့သည့် လပိုင်းကလည်း ပါတီ နှစ်ခု ပူးပေါင်း၍ ဖက်ဒရယ်ဆိုင်ရာ သင်တန်းကို မုဒုံမြို့နယ်၌ ပြုလုပ်ထားခဲ့သည်။

Written by ဂေထော

Advertisements
<

Leave a Reply