နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီက မွန်အမတ်များကိုမဲပေးရန် မွန်တေးဂီတ ရွေ့လျားယာဉ်ဖြင့် စည်းရုံးခဲ့ခြင်းသည် ပြည်ခိုင်ဖြိုးပါတီအတွက် စည်းရုံးသည်ဟု စွပ်စွဲခံရသည်ဟုဆိုကာ နိုင်တလညီက မော်လမြိုင်ရာမညဟိုတယ်တွင် ဇန်နဝါရီ ၁ ရက်နေ့ မွန်လွဲ ၁ နာရီက သတင်းစာရှင်းပွဲပြုလုပ်ခဲ့သည်။

“ကျွန်တော် နာမည်မဖော်ပြတော့ဘူး၊ ကာယကံရှင်က သူတို့မဟုတ်ဘူးလို့ပြောရင် ကျွန်တော် ဘယ်နေရာမှာ ပြောခဲ့လဲ ဆိုတာကို ပြောပြပါ့မယ်”ဟု နိုင်တလညီက ပြောဆိုသည်။
newannout
တေးဂီတရွေ့လျားယာဉ်အတွက် ကုန်ကျခဲ့သည့်ငွေကျပ်သိန်း ၃၀ဝ သည် မွန်ပါတီများမဲကွဲရန်အတွက် မဟုတ်ခဲ့ကြောင်းနှင့် ယင်းငွေများသည် ၎င်း၏ကိုယ်ပိုင်ငွေများနှင့် ၎င်းမိတ်ဆွေများက ကူညီပေးသည့်ငွေကြေးများဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နိုင်တလညီနဲ့ ပက်သက်ပြီး ဘာမှပြောကြားခဲ့ခြင်း မရှိခဲ့ဘူး၊ နိုင်တလညီက မွန်အမျိုးသားပါတီ ခေါင်းဆောင်အချို့လို့ ပြောသွားတယ် ဘယ်သူမှန်းမသိဘူး၊ တကယ်လို့ နိုင်စိုးမြင့်က ပြောခဲ့တယ်ဆိုရင် နိုင်စိုးမြင့်က ပြန်ဖြေပေးမှာပေါ့”ဟု မွန်အမျိုးသားပါတီ အတွင်းရေးမှုး (၁) နိုင်စိုးမြင့်က ပြောသည်။

မွန်အမျိုးသားပါတီ ခေါင်းဆောင်အချို့က ရွေးကောက်ပွဲ စည်းရုံးရေးနှင့်ပတ်သက်ပြီး နိုင်တလညီကို သွားပုပ်လေလွင့် တိုက်ခိုက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟု နိုင်တလညီဘက်က သတင်းစာရှင်းပွဲပြုလုပ်ခဲ့သော်လည်း မွန်အမျိုးသားပါတီမှ မည်သူမည်ဝါပြောဆိုသည်ကို တိတိကျကျ ဖော်ပြခဲ့ခြင်းမရှိချေ။

Leave a Reply