မွန်ပြည်နယ်အတွင်းရှိ မွန်ပါတီများကို မွန်သံဃာအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ ပူးပေါင်းညှိနှိုင်း၍ မွန်နိုင်ငံရေး ပါတီတစ်ခုတည်းဖြစ်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ညီလာခံ၏ ဇန်နဝါရီ ၁၄ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပါတီများ မဲရှုံးရသည့် အဓိက အကြောင်းရင်းသည် ဝင်ရောက်အရွေးခံသည့် မွန်ပါတီ သုံးပါတီ ဖြစ်နေခြင်းကြောင့် မွန်လူမျိုးအများစုမှာ စိတ်ပျက်မှုများဖြစ်ပွား၍ အခြားပါတီများကို မဲထည့်ပေးလိုက်ခြင်းနှင့် မည့်သည်ပါတီကိုမှ မဲမထည့်မှုများကြောင့်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

“ပူပေါင်းခြင်းဆိုတာ ရှိပါတယ် ပါတီတွေအားလုံးက ရှိသမျှမွှေနှောက်ပြီး ပေါင်းစည်းတာမဟုတ်ဘဲ ကဏ္ဍတစ်ခု အနေနဲ့ ပါဝင် ပူးပေါင်းမယ်ဆို ကျွန်မတို့က အမြဲတမ်း လက်ခံနေပါတယ်”ဟု မွန်အမျိုးသမီးပါတီမှ မိသန်းရှင်က ဟင်္သာမီဒီယာသို့ ပြောသည်။

logo-copyမွန်အမျိုးသမီးပါတီအနေဖြင့် မွန်ပါတီများ ပေါင်းစည်းသွားမည့်အပေါ် အမြဲတမ်း လက်ကမ်းနေမည်ဖြစ်ပြီး၊ ၎င်းတို့ပါတီကို ဖျက်သိမ်းခိုင်းခြင်းမရှိဘဲ ပူးပေါင်းမည်ဆိုပါက အမြဲတမ်းကြိုဆို လက်ခံနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဆီ ဘာမှမရောက်သေးတော့ ကျွန်တော်တို့လည်း ဘာမှပြောလို့မရသေးဘူး၊ ညှိနှိုင်းရေးကိစ္စဟာ တစ်ပါတီတည်း လုပ်လို့မရဘူး။ နှစ်ဖက်လုံးသဘောတူမှ ညှိနှိုင်းလို့ရမယ်။ အခုက ကျွန်တော်တို့ဆီ အကြောင်း မကြားသေးဘူး။

အကြောင်းကြားစာ ရောက်မယ်ဆိုရင်တော့ ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီးမှပဲ ပြောလို့ ရမယ်”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တွဲဖက်အတွင်းရေးမှူး နိုင်စံတင်က ပြောသည်။

ယခုရက်ပိုင်းတွင် မွန်အမျိုးသားညီလာခံသို့ တက်ရောက်သည့် သူများရှိနေသဖြင့် လူစုံမှ အစည်းအဝေးထိုင်၍ ပေါင်းစည်းရေးကိစ္စအား စဉ်းစားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့က ပါတီတွေပေါင်းစည်းရေးအတွက် စိတ်ထဲမှာအမြဲတမ်းရှိနေတာ၊ အခုလိုပါတီတွေ နှစ်ခု သုံးခု ဖြစ်နေတဲ့ အတွက် ပြည်သူတွေက ဘယ်သူတွေကို မဲပေးလို့ ပေးရမှန်းမသိဘဲ ရစရာမရှိအောင်ကို မဲရှုံးခဲ့ရတယ်၊ ဒီထုတ်ပြန်ချက်တွေ ပြည့်ပြည့်စုံစုံ သိရမယ်ဆိုရင်တော့ ရှေ့ဆက် ဘယ်လိုလုပ်ကိုင်သင့်သလဲဆိုတာ စဉ်စားလို့ ရတာပေါ့”ဟု မွန်အမျိုးသားပါတီမှ ဒေါက်တာမင်းစိုးလင်းက ပြောသည်။

နဝမအကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အထိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် ပြုလုပ်နိုင်ခဲ့ပြီး၊ ညီလာခံသို့ ကိုယ်စားလှယ် ၁၂၂ ဦး၊ လေ့လာသူ ၁၈ ဦးနှင့် အကြံပေးသူ ၁၀ ဦး တက်ရောက်ပြီး ညီလာခံတွင် ကမ္ဘာ့အရေး၊ ပြည်တွင်းနိုင်ငံအရေး၊ အမျိုးသားရေးနှင့် ပါတီအရေးများစသည့် အခြေအနေ အရပ်ရပ်ကို ဆွေးနွေးခဲ့သည်။

Leave a Reply