မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၉ ။ ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ တို့ ပူးပေါင်းရေးအတွက် နှစ်ဖက်ပါတီ ခေါင်းဆောင် များ မတ်လ ၁၈ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါ ပါတီတာဝန်ရှိသူများက ဟင်္သာမီဒီယာသို့ ပြောကြား သည်။

2-copy-1
“ကျွန်တော်တို့က တစ်ပါတီဖြစ်ရေးအတွက် အရင်ဆုံး အလွတ်သဘော ဆွေးနွေးသွာ;မယ် ၊ဒီဆွေးနွေးပွဲ နောက်ပိုင်းမှ ထိပ်သီးခေါင်းဆောင်တွေ တွေ့ရေးအတွက် ဆွေးနွေးသွားမည်၊ ထိပ်သီးခေါင်း ဆောင်တွေက သူတို့နေနဲ့ပါတီတွေ ပါတီပေါင်းစည်းရေးကို ဘယ်လောက် သဘောထားလဲဆိုတာ သိချင်တယ်” ဟု မွန်အမျိုးသား ပါတီMNP ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီအဖွဲ့ချုပ်(AMDP)တို့ သာတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး အမျိုးသမီးပါတီ(မွန်)အနေဖြင့် ပါ၀င်မည် မဟုတ်ကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။

“မွန်ပါတီ ပေါင်းစည်းရေးကို ကြိုးစားလုပ်ကိုင်ချင် ပေမယ့် လောလောဆယ်မှာ မဖြစ်နိုင်သေးလို့ မွန်ပါတီ တစ်ခုထဲဖြစ်ရေးကို ဘယ်လို လမ်းကြောင်းရှာမလဲ၊ ဘယ်လို လုပ်ငန်းစဉ်တွေကို ချမလဲ ဆိုတာကို ပါတီအချင်းချင်း တွေ့ဆုံတဲ့ သဘောဖြစ်တယ်” လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် ၂၀၁၅ရွေးကောက်ပွဲရလဒ်ကဲ့သို့ထပ်မံမဖြစ်ပေါ်စေရန် ယခုအချိန်မှ စတင်ကာ မွန်နိုင်ငံရေးပါတီများပေါင်းစည်းနိုင်ရေးကိစ္စကို ကြိုးစား အဖြေရှာရန်လိုကြောင်း ၎င်းက ပြောကြား သည်။

မွန်တိုင်းရင်းသား ကိုယ်စားပြုပါတီ နှစ်ပါတီ ပေါင်းစည်းရေးကိစ္စနှင့် ပတ်သက်ပြီး နှစ်ဖက်ပါတီခေါင်းဆောင်းများ စိတ်ဝင်စားမှုမရှိကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ က ဝေဖန် ပြောဆိုနေ မှုများထွက် ပေါ်နေသည်။

Leave a Reply