ယခုနောက်ပိုင်းနှစ်များတွင် မွန်ပြည်နယ်အတွင်းရှိလူငယ်များကြား၌ မူးယစ်ဆေးဝါးပျံ့နှံ့မှုသည်ခေတ်သစ် ရောဂါတစ်ခုပမာ အန္တရာယ်ကြီးစွာခြိမ်းခြောက်လာသည်ကို တွေ့မြင်လာသည်။ လူငယ်လူရွယ်များကိုယ်တိုင် ကလည်းမူးယစ်ဆေးဝါးသည် မကောင်းမှန်းသိသော်လည်း ဘာကိုဆိုလိုသည်ကိုကောင်းစွာသိရှိနား လည်မှုလည်းမရှိပါ။drug

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနေ့များကိုပညာပေးပြခန်းများပြတိုက်များတည်ဆောက်၍ပြသခဲ့သော် လည်း(VIP)သဘောဆန်ခဲ့သည်။ လူငယ်များကလည်းအသစ်အဆန်းဆိုလျှင်စမ်းသပ်လိုသည့် ညည်းရှိနေသည် မဟုတ်လား။ သူငယ်ချင်းများအတင်းအကျပ်ဆွဲဆောင်ခေါ်သည်ဖြစ်စေ အပျော်သဘောဖြစ်စေလူငယ်များ စိတ်ကြွမူးယစ်ဆေးဝါး(မြင်းဆေး)ကိုသုံးစွဲဖြစ်လာသည်။ကျေးလက်ဒေသမွန်ကျေးရွာအချို့ရှိမွန်လူငယ်များ သည်ဘဝတိုးတက်ရေးနည်းပညာအသစ်အဆန်းများလေ့လာဆည်းပူးသင်ယူရမည့်အစားမူးယစ်ဆေးဝါးစကားဝိုင်းကိုပါးစပ်အရသာခံစကားဖောင်ဖွဲ့အချိန်ဖြုန်းနေကြသည်။

လူငယ်များသည်မူးယစ်ဆေးဝါးနှင့်ပတ်သတ်ပြီး မိမိတို့ခံယူထားသည့်ခံယူချက်များမှာမှားယွင်းနေကြသည်။ မူးယစ်ဆေးဝါးကို ကိုယ်လက်ပေါ့ပါးပြီးစိတ်ဖိစီးမှု (stress)လျော့ကျစေသည့်ဆေး/ အတွေးအခေါ်ဆန်း သစ်စေပြီးစိတ်ခံစားမှုကောင်းများစွာပေးသည့်ဆေး/ အရက်ရေချိန်လွန်မူးသောအခါ အရက်အာနိသင်လျော့ကျ စေသည့်ဆေးဝါးအဖြစ် မူးယစ်ဆေးဝါးကိုလမ်းလွဲသုံးစွဲနေကြသည်။ မွန်ပြည်နယ်အချို့ဒေသများ တွင်အသက် အရွယ် အပိုင်းအခြားမရွေးပြစ်ဒဏ်ကိုကြောက်ရွံ့မှုမရှိဘဲ လွတ်လပ်စွာသုံးစွဲနေကြသည်မှာ အလွန်ကြောက် မက်ဖွယ်ကောင်းလှပါသည်။

အဘယ့်ကြောင့် စိတ်ကြွမူးယစ်ဆေးဝါးများ မွန်လူငယ်များကြား လွယ်လင့်တကူပျံ့နှံ့ခဲ့သနည်း။ အရင်းအမြစ် ကိုသေချာပိုင်းခြား စစ်ကြည့်လိုက်လျှင် မွန်ပြည်နယ်တွင်းရှိလူငယ်များသည် မြို့နယ်တစ်ခုနဲ့ တစ်ခု ရင်းနှီး ကျွမ်းဝင် သောအခါ အရက်သောက်ခြင်းဖြင့်ဧည့်ခံတတ်ကြသည်။

အရက်သေစာသောက်စားမူးယစ်၍ရေချိန်ကျော်လွန်လာသည့်အခါစိတ်ကြွမူးယစ်ဆေးသုံးစွဲဖူးသည့် ဒေသလူငယ်များက ဧည့်သည်များကိုမူးယစ်ဆေးဝါးဖြင့်အရက်အာနိသင်ထိန်းချုပ်ရန် မူးယစ်ဆေးဝါးကိုအတူသုံးစွဲဖြစ်ကြသည်။ထိုမှတစ်ဆင့်သုံးစွဲဖူးသည့်ဧည့်သည်လူငယ်များကလည်း မိမိပတ်ဝန်းကျင်မြို့နယ်ဒေသသို့ရောက်သောအခါလူငယ်များကိုထပ်ဆင့်ဆွဲဆောင်ရင်းလူငယ်များကြားပိုမို ပျံ့နှံ့လာခဲ့သည်။
စိတ်ကြွမူးယစ်ဆေးဝါးသည်အရွယ်ပမာဏ  သေးငယ်သောကြောင့်လွယ်ကူစွာသယ်ဆောင်ရန်လွယ်ကူသည်။

လက်နက်ကိုင်တပ်ဖွဲ့အချို့တို့ကလက်နက်အားကိုးဖြင့်မိမိတို့တပ်ဖွဲ့ရပ်တည်ချက်ရန်ပုံငွေအတွက်မူးယစ်ဆေးဝါးကိုထုတ်လုပ်ရောင်းချကြသည်။မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းရှိကျေးရွာအချို့တို့၌တပည့်မွေးမြူ၍ စိတ်ကြွမူးယစ်ဆေးများကိုထပ်ဆင့်ဖြန့်ဖြူးနေပြန်သည်။ ယခုတွင်မူလက်နက်ကိုင်တပ်ဖွဲ့အချို့သာမကဝိသမ လောဘသမား(ခရိုနီ)များကလည်းလက်နက်ကိုင်တပ်ဖွဲ့၏အရှိန်အဝါကိုအသုံးချပြီးမူးယစ်ဆေးဝါးကိုစီးပွားရေးတစ်ခုပမာသဘောထား၍လူငယ်များ၏အနာဂတ်ပန်းတိုင်ကိုရိုက်ချိုးနေကြသည်။ထိုသို့လုပ်ဆောင်ချက်များ ကိုလူငယ်များကိုယ်တိုင်နားလည်သဘောပေါက်နေရန်လိုသည်။

‘ယနေ့လူငယ်နောင်ဝယ်လူကြီး’ ဟူသောဆောင်ပုဒ်နဲ့အညီလူငယ်များသည်တစ်နေ့နိုင်ငံကိုဦးဆောင်မည့် ခေါင်းဆောင်လောင်းများဖြစ်ကြသည်။ မွန်ကျေးရွာအချို့အတွင်းရှိလူငယ်များသည်ပညာရည်နိမ့်ကျမှုကြောင့် အတ္တသမားများ၏သားကောင်များအဖြင့်အနာဂတ်ထိုးကျွေးခံနေကြရသည်။ လူငယ်များကိုယ်တိုင်ကလည်း အသိမြင်အတတ်သင်စူးစမ်းလိုသည့်အကျင့်ဆိုးများစွဲကပ်နေသောကြောင့်စမ်းသပ်သုံးစွဲရာမှစိတ်ကြွ            မူးယစ်ဆေးစွဲသည့်အဆင့်သို့ရောက်မှန်းမသိရောက်လာသည်။

လူငယ်များတစ်ဦးကိုတစ်ဦးဆွဲဆောင်ဖျားယောင်းရင်းမူးယစ်ဆေးအများဆုံးသုံးသည့်အချိန်မှာပွဲလမ်း သဘင်နှင့်မဟာသင်္ကြန်ကာလများတွင်ဖြစ်သည်။ မူးယစ်ဆေးဝါးကိုပျော်ရွှင်မှုတွေဖန်တီးပေးသည့်ဆေးဝါး ဟုအမှတ်မှားကာသုံးစွဲရင်းမလိုလားအပ်သောပြဿနာများဖြစ်ပေါ်စေသည်။ ခိုက်ရန်ဖြစ်ပွားမှုများ/ ယာဉ်အန္တရာယ်များ/စိတ်ကိုထိန်းချုပ်နိုင်စွမ်းမရှိတော့သည့်အတွက်အသက်အန္တရာယ်ခြိမ်းခြောက်မှုပါဖြစ် ပေါ်လာစေသည်။ ထိုမျှမကဘဝပျက်စီးရေစုန်မျော၍သုံးစားမရသောအပယ်ခံဘဝဖြင့်မိမိပတ်ဝန်းကျင် မှရှောင်ဖယ်လာမည်ဖြစ်သည်။ထိုသို့ပစ်ပယ်ခံရမှုများလာသည့်အခါစိတ်ဓါတ်ကျဆင်းပြီးကိုယ့်ကို သေကြောင်းကြံစည်မှု(succide)များပြုလုပ်လာနိုင်သည်။

လူငယ်များမူးယစ်ဆေးဝါးသုံးစွဲပြီးတဲ့အခါ မူးယစ်ဆေးဝါးတွင်ပါသောဓါတုဆေးဝါး များကြောင့် အိပ်ပျော်ခြင်း မရှိ။တစ်ဦးတည်းငေးငိုင်နေလျှက်လေထဲမှာအိမ်ဆောက်နေသလိုစဉ်းစားတွေးတော နေတတ်သည်။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း/ ရေငတ်ခြင်း/ အစားအသောက်ပျက်ခြင်း များဖြစ်စေပြီး ကိုယ်အလေးချိန်များ ကျဆင်းလာ၍ ကျန်းမာရေးထိခိုက်လာစေသည်။ သံသယများတိုးပြီးမြင်လာ၍အသိစိတ်ထိန်းချုပ်နိုင်စွမ်းနည်းလာပြီး ရာဇာဝတ်မှုများလည်းလွယ်ကူစွာကျူးလွန်မိလာတတ်သည်။

လူငယ်များအရက်သောက်သုံးမှုနှုန်းမှာလည်း တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာသည်။ အရက်အလွန် အကျွံသောက်သုံးပြီးမူးယစ်လာသည့်အခါအရက်အာနိသင်လျော့ကျစေရန်မူးယစ်ဆေးကိုထပ်ဆင့်သုံးစွဲ မိပြန်သည်။ ထိုသို့အတူတကွသုံးစွဲခြင်းသည် အရက်သောက်သုံးမှုပမာဏကို မြင့်တက်စေသလိုဆေးဝါးကို လမ်းလွဲအသုံးပြုခြင်း(Drugabuse)ဖြစ်စေသည်။ အရက်သောက်သုံးမှုနှုန်းပိုမြင့်တက်လာစေသလိုမူးယစ်ဆေး ဝါးလည်းပိုပြီးစွဲစေပါသည်။

မွန်ပြည်နယ်အတွင်းရှိလူငယ်များထိုသို့လွဲမှားသောအကျင့်ဆိုးများကိုပြုပြင်ပြောင်းလဲရန်လိုပြီးဖြစ်သည်။       ဤသို့လွဲမှားနေခြင်းမှာလူငယ်များကြားအသိပညာပေးမှုအားနည်းခြင်းကြောင့်လည်းဖြစ်သည်။မြို့ကြီးပြကြီးများတွင်အထိမ်အမှတ်နေ့များမှဟောပြောပွဲများ/ပြခန်းများလောက်ပြသပြီးပေါ်ပင်သာသာ ပြုလုပ်နေကြသည်။

အောက်ခြေကျေးလက်အဆင့်ထိပျံ့နှံ့မှုမရှိပါ။လူငယ်များကိုယ်တိုင်မူးယစ်ဆေးဝါးကိုမုန်းတီးနေရန်နှင့်ပြစ်မှုပြစ်ဒဏ်များကိုကိုယ်တိုင်နားလည်နေရန်လိုသည်။
မူးယစ်ဆေးဝါးပညာပေးမှုအခန်းကဏ္ဍများတွင်လူငယ်များကိုယ်တိုင်ကိုယ်ကျပူးပေါင်းဆောင်ရွက်ရန်လိုသည်။

မြို့နယ်/တိုက်နယ်/ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ချိတ်ဆက်ပြီးအသိပညာပေးမှုအခန်းကဏ္ဍကိုလည်း အစဉ်တစိုက်ပြုလုပ်ပေးရန်လိုသည်။အစီအစဉ်များစနစ်တကျရေးဆွဲပြီးအစိုးရဌာနများတွင်သာမကအောက် ခြေအဆင့်ထိအောင်ပူးပေါင်းဆောင်ရွက်ရန်လိုသည်။မြန်မာနိုင်ငံရဲတပ်ဖွဲ့/မွန်အရပ်ဘက်လူထုအခြေပြုအဖွဲ့များ/လူငယ်အဖွဲ့အစည်းများ/ အတူတကွပူးပေါင်းဆောင်ရွက်ရန်လိုသည်။

လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျစေရန်၄င်းတို့စိတ်ပါဝင်စားမှုရှိသောကဏ္ဍများကိုသင်ကြားပို့ချပေးရန်လိုသည်။လူငယ်များကိုသူတို့စိတ်ဝင်စားသောလူမှုရေးကိစ္စများ/ဘာသာရေး/နည်းပညာ/စာပေ/ဂီတ/လက်မှုပညာတစ်ခုခုတွင်ဝင်ရောက်သင်ယူခြင်းဖြင့်မူးယစ်ဆေးဝါးသုံးစွဲလိုသောစိတ်ကိုအာရုံလွဲလျော့ကျစေသည်။
ယခုအခါစိတ်ကြွမူးယစ်ဆေးပြားများသည် မွန်လူငယ်များကြားသာမကကျောင်းသား လူငယ်များကိုပါကူး စက်ပျံ့နှံ့ပြီးအနာဂတ်ကိုခြိမ်းခြောက်နေသည်။ထိရောက်သောပူးပေါင်းဆောင်ရွက်မှုရှိမှသာမူးယစ်အန္တရာယ်ကိုမွန်ပြည်သူများထိရောက်စွာထိန်းချုပ်နိုင်မည်ဖြစ်သည်။ပြစ်မှုပြစ်ဒဏ်များကိုလည်းလူထုတစ်ရပ်လုံးနားလည်နိုင်အောင်ချပြထားရမည်။

မွန်ပြည်နယ်ကိုခြိမ်းခြောက်နေသောခေတ်သစ်ရောဂါ(မူးယစ်ဆေးဝါး)ကိုထိရောက်စွာအရေးယူကိုင်တွယ်ရန်လိုပြီးဖြစ်သည်။လူငယ်များအနေဖြင့်လည်းမိမိတို့နားလည်ထားသောခံယူချက်အမှားများကိုပြုပြင်ပြောင်းလဲရန် လိုသည်။လူငယ်များမူးယစ်နွံမှရုန်းထွက်ပြီးဖြူစင်သောဘဝ/လှပသောအနာဂတ်ပန်းတိုင်သစ်ကိုတည် ဆောက်နိုင်မည်ဖြစ်သည်။

ရာဇာဝတ်ဆိုင်ရာပြစ်မှုပြစ်ဒဏ်များကိုလည်းလူငယ်များနားလည်နေရန်နှင့်ဆေးစွဲလူငယ်များအနာဂတ်မပျောက်အောင်ဝိုင်းဝန်းဖေးမလက်တွဲကူပြီးဆေးဖြတ်ပေးရန်လိုသည်။မူးယစ်ကင်းစင်သောလူနေမှုဘဝဖြစ်လှပသောအနာဂတ်ခေါင်းဆောင်ကောင်းများပေါ်လာစေရန် လူညွန့်တုံးစေမည့်မူးယစ်ဆေးဝါး အန္တရာယ်မှမွန်လူငယ်များရုန်းထွက်လိုက်ကြစို့ဟုတိုက်တွန်းရေးသားတင်ပြအပ်ပါသည်။
ရာမညမင်းငြိမ်းချမ်း

Leave a Reply