ယခုနှစ် မွန်ပြည်နယ်အတွင်းဇန်နဝါရီလ (၁) ရက်နေ ့မှ ဇူလိုင်လ (၃၀) ရက်နေ ့အထိသွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ (၂၆၆)ဦးရှိကြောင်းမွန်ပြည်နယ် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်ကဟင်္သာမီဒီယာသို့ ပြောကြားသည်။

flu

မွန်ပြည်နယ် ၁၀မြို့နယ်အနက် မော်လမြိုင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူအများဆုံးဖြစ်ကြောင်း
၎င်းက ပြောကြားသည်။

“မွန်ပြည်နယ်ဟာသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု တစ်နိုင်ငံလုုံးအတိုင်းအတာနဲ ့ကြည့်ရင် အမြဲစောလေ့ရှိပြီးတော့ ဇန်နဝါရီလဆန်းပိုင်းကနေစပြီးရောဂါဖြစ်ပွားလေ့ ရှိပါတယ်၊ ဒီနှစ် လက်ရှိအချိန်ထိတော့
သေဆုံးသူမရှိသေးဘူး”ဟု ၎င်းကဆိုသည်။

ယခုနှစ် မွန်ပြည်နယ်အတွင်းသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူမော်လမြိုင်မြို့နယ်တွင် ၆၄ဦး၊
ပေါင်မြို့နယ်တွင် ၅၄ဦး၊ ကျိုက်မရောမြို့နယ်တွင် ၄၉ဦး၊ မုဒုံမြို့နယ်တွင် ၃၈ဦး ၊ ချောင်းဆုံမြို့နယ်တွင်
၂၄ဦး အထိဖြစ်ပွားခဲ့သည်။

ထို့အပြင် သံဖြူဇရပ်မြို့နယ်တွင် ၁၇ဦး၊ ရေးမြို့နယ်တွင် ၁၅ဦး၊ ဘီးလင်းမြို့နယ်တွင် ၃ဦး၊ သထုံမြို့နယ်
တွင် ၂ဦးဖြစ်ပွားခဲ့ပြီးကျိုက်ထိုမြို့နယ်တွင် အဆိုပါရောဂါဖြစ်ပွားသူမရှိသေးကြောင်းဒေါက်တာစည်သူ
ရဲနောင်ကပြောသည်။

ယခင်နှစ်ကဇန်နဝါရီမှ စ၍ ၇လအတွင်းမွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ (၂၆၅၆) ဦးအထိရှိခဲ့ပြီးယခုနှစ်တွင် သွေးလွန်တုပ်ကွေးကူးစက်ရောဂါဖြစ်ပွားသူလျော့နည်းသွားကြောင်း ၎င်းထံမှ သိရသည်။

၂၀၁၅ ခုနှစ်တစ်နှစ်လုံးတွင် ရောဂါဖြစ်ပွားသူ (၅၀ဝ၀) ဦးအထိရှိခဲ့ကာစံချိန်တင်ဖြစ်ပွားခဲ့သော်လည်းသေဆုံးသူ (၄) ဦးသာရှိခဲ့ကြောင်းအဆိုပါ မှတ်တမ်းများအရသိရသည်။

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ (၂) နှစ်တစ်ကြိမ်၊ (၃) နှစ်တစ်ကြိမ် အဖြစ်များလေ့ရှိသည့် သဘောသဘာဝရှိကြောင်းကို ၎င်းကရှင်းလင်းပြောဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင်အဖြစ်များပြီးအထူးသဖြင့် ကျောင်းဖွင့်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်လများတွင်အဖြစ်များကာ၊ သြဂုတ်လ နှင့် စက်တင်ဘာလများတွင် ရောဂါဖြစ်ပွားမှု ပြန်လည်ကျဆင်းလေ့ရှိကြောင်း၊ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Leave a Reply