(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့မှ လျှပ်စစ်ဝါယာရှော့ကြောင့်ဖြစ်ပွားသည့် မီးလောင်မှုမြင်ကွင်းတစ်ခု)

မွန်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် တစ်နှစ်အတွင်း မီးလောင်မှု အကြိမ်ပေါင်း ၅၈ ကြိမ်ခန့်ဖြစ်ပေါ်ခဲ့ပြီး ငွေကျပ်ပေါင်း ၃၀ ဒသမ ၅၄ သန်းကျော် ဆုံးရှူံးခဲ့ကာ ယခင်နှစ်ထက် လျှော့နည်းခဲ့ကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

“နှစ်စဉ်မီးလောင်မှုဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်အများစုက ပေါ့ဆမီးကြောင့် အများဆုံးဖြစ်ပြီး မီးကြွင်းမီးကျန်မှတစ်ဆင့် လောင်ကျွမ်းမှုက ဒုတိယအများဆုံးဖြစ်တယ်၊ မီးအားမြှင့်စက် အပူလွန်ကဲတာကနေ မီးလောင်တာတွေ၊ ဝါယာ ရှော့ကြောင့် လောင်ကျွမ်းတာတွေက တတိယအများဆုံးပေါ့”ဟု မော်လမြိုင်ခရိုင် မီးသတ်ဦးစီဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းက ပြောသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့မှ လျှပ်စစ်ဝါယာရှော့ကြောင့်ဖြစ်ပွားသည့် မီးလောင်မှုမြင်ကွင်းတစ်ခု)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့မှ လျှပ်စစ်ဝါယာရှော့ကြောင့်ဖြစ်ပွားသည့် မီးလောင်မှုမြင်ကွင်းတစ်ခု)

အဆိုပါလောင်ကျွမ်းမှုများတွင် မီးဖိုမီးမှ လောင်ကျွမ်းမှု ၁၉ ကြိမ်၊ ပေါ့ဆမီးကြောင့် ၂၇ ကြိမ်၊ လျှပ်စစ်ဝါယာရှော့ ရှစ်ကြိမ်၊ ရှို့မီးတစ်ကြိမ်၊ တောမီးတစ်ကြိမ်နှင့် မိုးကြိုးကြောင့်နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာမှတ်တမ်းအရ သိရသည်။

၂၀၁၅ ခုနှစ်မီးလောင်မှုသည် ၂၀၁၄ ခုနှစ် မီးလောင်မှုထက် အကြိမ်အရေအတွက်ရော ဆုံးရှုံးမှုတန်ဖိုးများပါ လျော့နည်းခဲ့ကြောင်းနှင့် ၂၀၁၄ ခုနှစ်တွင် မီးလောင်သည့် အကြိမ်အရေအတွက် ၆၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ၅၃ ဒသမ ၉၀၇၄ သန်းရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

Leave a Reply