မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိလာရောက်တိုင်တန်းခဲ့သောကလေးသူငယ်ကိစ္စရပ်နှင့် ဆိုင်သောအမှု ၁၇ မှုတွင်ကလေးပျောက် တိုင်ကြားမှုမှာအများဆုံးဖြစ်နေကြောင်းမွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ သိရသည်။

logo-copy

ထိုကလေးသူငယ် ကိစ္စရပ်များတိုင်ကြားထားမှုတွင် အုပ်ထိန်းသူမဲ့ တစ်ဦး၊ ကလေးပျောက်မှု ငါးဦး၊ အကြမ်းဖက်ခံရမှု တစ်ဦး၊ ကလေးလုပ်သားသုံးဦး၊ လမ်းပျော်ကလေး နှစ်ဦး၊ သားမယားပြုကျင့်မှု နှစ်ဦး၊ ခိုးယူပေါင်းသင်းမှု နှစ်ဦးနှင့် ဥပဒေနှင့် ရင်ဆိုင်ဖြေရှင်းရမှု တစ်ဦးဖြစ်ကြောင်းမွန်ပြည်နယ် လူမှုဝန်ထမ်းရုံး၏ မှတ်တမ်းများအရသိရသည်။

“ကလေးပျောက်တယ်ဆိုရင် ပျောက်တဲ့ကလေးကိုကျွန်မတို့သက်ဆိုင်ရာလူကုန်ကူးတားဆီးရေးတို့၊ရဲစခန်းတို့ ဆောင်ရွက်ပေးပြီးတော့ ကလေးတွေကိုမိဘတွေနဲ့ ပြန်လည်ပေါင်းစည်းပေးပြီးတဲ့အတွက် အမှုကိုပိတ်သလိုသတ်မှတ်လိုက်တယ်”ဟုမွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဒုဦးစီးမှူး ဒေါ်စောဥမ္မာကပြောကြားသည်။

အဆိုပါကလေးသူငယ်ကိစ္စရပ်များတွင် အမှု ၁၁ မှုကိုဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသေးသည့် အမှုခြောက်မှုကိုကလေးသူငယ် တရားရုံးများသို့ အစီရင်ခံစာတင်သွင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း၎င်းက ဆိုသည်။

တရားရုံးသို့ PO အစီရင်ခံစာတင်ပြထားသောအမှုခြောက်မှုတွင်အမှုငါးမှုသည်စီရင်ချက် ချမှတ်ပြီးဖြစ်ကာကျန်တစ်မှုမှာ စီရင်ချက်ချမှတ်ရန် တရားလိုများ၊ သက်သေများခေါ်ယူရန် ပျက်ကွက်မှုများရှိသောကြောင့် ကြန့်ကြာလာခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ကလေးသူငယ်တရားရုံးသို့ အစီရင်ခံစာတင်သွင်းရသည့်အမှုများမှာခိုးမှု လေးမှု၊ ခိုးယူပေါင်းသင်းမှု တစ်မှုနှင့် မုဒိန်းမှု တစ်မှုတို့ဖြစ်ကြောင်းမွန်ပြည်နယ် လူမှုဝန်ထမ်းရုံး၏ မှတ်တမ်းများအရသိရသည်။

Leave a Reply