Advertisements

မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ ၂၃ ရက်နေ့အထိ ကိုးလကျော်အတွင်း မူးယစ်ဆေးဝါးအမှု ၂၀၃ မှုကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကိုးလကျော်ကာလအတွင်း မူးယစ်ဆေးပြားအမှု ၁၉၁ မှု အရေအတွက်အားဖြင့် ၄၂၀၈၆ ပြား၊ ဆေးခြောက် ၆မှု အရေအတွက်အားဖြင့် ၂၂၁ ဒသမ ၂၁၉၄၃ ဂရမ်၊ ICE ၃မှု အရေအတွက်အားဖြင့် ၉၀၂ ဒသမ ၅၆၂ ဂရမ် နှင့် ဘိန်းစာရွက် ၁၁၄၃၂၇ ဒသမ ၀၃ ဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

Advertisements
data-language="en"

“ဖမ်းဆီးရမိမှုကတော့ မော်လမြိုင်မြို့နယ်မှာ အများဆုံးပဲ။ အရင်နှစ်ထက် ဖမ်းဆီးမှုတွေ များလာတယ်။ ဖမ်းမိရတဲ့သူတွေကို တရားဥပဒေနဲ့အညီ ဆောင်ရွက်ထားတယ်” ဟု ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါးအမှုကြောင့် တရားခံ အမျိုးသား ၃၃၉ ဦး၊ အမျိုးသမီး ၂၄ ဦးကို ဖမ်းဆီးထားပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း ၎င်းက ပြောကြားသည်။
ထို့အတူ မူးယစ်ဆေးဝါးမှုများလျော့ပါးပပျောက်ရေးအတွက် စာသင်ကျောင်းများ၊ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဘုန်ကြီးကျောင်းများ၊ မှုခင်းယာဉ် ပြခန်းများကိုလည်း မြို့နယ်အလိုက် လိုက်လည် ဟောပြောပွဲများ ပြုလုပ်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်းက မူးယစ်ဆေးဝါး အမှု ၂၈၃ မှု၊ တရားခံ အမျိုးသား ၃၇၈ ဦး၊ အမျိုးသမီး ၃၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးစာရင်းများအရ သိရသည်။

Written by – ခင်နန်းဌေး

 

 

Leave a Reply