( ဓာတ်ပုံ အညွှန်း – မွန်ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး ရဲဇာနည်ခန်းမတွင် ကျား/မအခြေပြုအကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းပြုလုပ်စဉ် )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၉ ။ ။ မွန်ပြည်နယ်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)နှင့် ကုလသမဂ္ဂလူဦး ရေရန်ပုံငွေ အဖွဲ့ (UNFPA) တို့ပူးပေါင်းကျင်းပသည့် ကျား/မ အခြေပြုအကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး သင်တန်းပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

( ဓာတ်ပုံ အညွှန်း – မွန်ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး ရဲဇာနည်ခန်းမတွင် ကျား/မအခြေပြုအကြမ်းဖက်မှု   ကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းပြုလုပ်စဉ် )
( ဓာတ်ပုံ အညွှန်း – မွန်ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး ရဲဇာနည်ခန်းမတွင်
ကျား/မအခြေပြုအကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ
အသိပညာပေးသင်တန်းပြုလုပ်စဉ် )

အဆိုပါသင်တန်းကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ တောင်ရိုးတန်းလမ်းရှိ မွန်ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး ရဲဇာနည်ခန်းမ၌ ဖေဖော်ဝါရီ ၂၈ ရက်က သင်တန်းဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်သည်။

ကျား၊ မဖြစ်ခြင်းကိုအခြေခံ၍ လူတစ်ဦးတစ်ယောက်အပေါ် သူ၏သဘောဆန္ဒမပါဘဲ ခွင့်မပြုဘဲအာဏာအလွဲ သုံးစားပြုလုပ် ၍ အတင်းအကျပ်ပြုလုပ်စေခိုင်းခြင်း စသည့် ပြစ်မှုများ မကျူး လွန်ရန် အသိပညာ ပေး ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂလူဦး ရေရန်ပုံငွေ အဖွဲ့ (UNFPA)မှ ဒေါ်ချောစုက ပြောသည်။

ကျား၊မ ခွဲခြား၍ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ထိခိုက်နာကျင်အောင်ပြုမူခြင်း၊ စိတ်ပိုင်းဆိုင်ရာတွင် အကြမ်းဖက် ဆူပူကြိမ်းမောင်းခြင်းနှင့် ခြိမ်းခြောက်ခြင်း၊ ရပိုင်ခွင့်များကိုငြင်းပယ်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာမုဒိမ်းကျင့်ခြင်း၊ မုဒိမ်းကျင့်ရန်အားထုတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုလုပ်ခြင်းနှင့် အမြတ်ထုတ်ခြင်း၊ အရွယ်မတိုင်မှီ အဓမ္မလက်ထပ်စေခြင်း၊ လူကုန်ကူးခြင်း၊ လိင်ကျွန်ပြုြုခင်း စသည့် ကိစ္စရပ် များကိုပါ အသိပညာပေး ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်း ကဆိုသည်။

ကျား/မ အခြေပြုအကြမ်းဖက်မှု ကာကွယ်ရေး သင်တန်း ကို ဖေဖော်ဝါရီ ၂၈ ရက်နှင့် ၂၉ရက် တို့တွင် ကျင်း ပ ခဲ့ပြီး ရဲအရာရှိ ၁၀၀ ဦးခန့် တက်ရောက်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply