Advertisements

မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အမေရိကန် ဒေါ်လာသုံးသန်း သုံးစွဲမည်ဖြစ်ကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောကြားသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရန် ကျိုက်ထို အပါအဝင် လေးမြို့နယ်၌ အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ပြီး ဒေသထွက် လက်မှုပညာပစ္စည်းများရောင်းချခြင်း၊ အရည်အသွေးမြှင့်တင်ခြင်း၊ ရိုးရာအစားအစာများ ရောင်းချခြင်း၊ ဈေးကွက်မြှင့်တင်ခြင်း စသည့်တို့ကို တစ်ပြိုင်နက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ခရီးသွားဖွံ့ဖြိုးဖို့ (ADB) အကူအညီနဲ့ လုပ်နေတာပေါ့နော်။ မွန်ပြည်နယ်အတွင်းမှာ လေးမြို့နယ် ရွေးချယ်ထားတယ်။ အခုက လုပ်ငန်းစတင်နေပြီး၊ အဓိက လုပ်ငန်းအခွင့်အလမ်းတိုးတက်လာဖို့ ဒေသဖွံ့ဖြိုးလာဖို့ပါ”ဟု ၎င်းက ပြောသည်။

မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်ထိုနှင့် မုဒုံမြို့နယ်တို့တွင် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာသင်တန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်မှထွက်သော ယိုစုံ၊ မုန့်မျိုးစုံအပါအဝင် အခြား ရိုးရာအစားအစာများ၌လည်း ထုပ်ပိုးကုန် အမှတ်တံဆိပ်တစ်ခုတပ်ဆင်ပြီး နိုင်ငံတကာ ဈေးကွက်သို့ထိုးဖောက်သွားဖြစ်ကြောင်း ဦးဟောက်ကျင်မုန်က ပြောသည်။

ယင်းလုပ်ငန်းများကို သုံးနှစ်စီမံကိန်းလျာထား၍ ယခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်လျက်ရှိရာ အောင်မြင်မှုတစ်ခုရရှိပါက ကျန်သည့် မြို့နယ်များ၌လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းများကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး၊ စည်ပင်သာယာရေး၊ အထွေထွေအုပ်ချုပ်ရေး၊ စားသုံးသူရေးရာဦးစီးဌာန စသည့် ဆက်စပ်ဌာနများပူးပေါင် စီမံကိန်းအကောင်ထည်ဖော်ရေးအဖွဲ့ဖွဲ့ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Written by- အဂ္ဂနန်

Advertisements
<

Leave a Reply