မွန်ပြည်နယ်တွင် ဇန်နဝါရီလမှ ဇူလိုင် လအထိခြောက်လအတွင်းတရားမဝင်သစ် ၂၃၀ ဒသမ ၃၉၁၀ တန် ဖမ်းဆီးရမိခဲ့ကြောင်းမွန်ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။20160707_151508

အဆိုပါ တရားမဝင်သစ်များကိုကျိုက်ထိုမြို့နယ်၌ အများဆုံးဖမ်းမိပြီးဒုတိယအများဆုံးမှာရေးမြို့နယ်နှင့် တတိယအများဆုံးမှာမော်လမြိုင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းမွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်သူကပြောကြားသည်။

တရားမဝင်သစ်များကိုကျိုက်ထိုမြို့နယ်တွင် ၁၇၀ ဒသမ ၈၄၇၄ တန်၊ ရေးမြို့နယ်တွင် ၂၉ ဒသမ ၅၄၅၀ တန်၊ မော်လမြိုင်မြို့နယ်တွင် ၁၄ ဒသမ ၆၅၄၄ တန်၊ သထုံမြို့နယ်တွင် ၄ ဒသမ ၆၂၄၈ တန် ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ကျိုက်မရောမြို့နယ်တွင် ၄ ဒသမ ၃၅၉၀ တန်၊ မုဒုံမြို့နယ်တွင် ၃ ဒသမ ဝ၅၀၂ တန်၊ဘီးလင်းမြို့နယ်တွင် ၂ ဒသမ ၆၀ဝ၂ တန်နှင့် သံဖြူဇရပ်မြို့နယ်တွင် သုညဒသမ ၇၁၀ဝ တန်တို့ကိုဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးရမိသောသစ်များတွင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်များပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသောတရားမဝင်သစ်များကို မြို့နယ်သစ်တောဦးစီးဌာနများတွင် ထိန်းသိမ်းထားရှိပြီးသစ်တောဥပအရအရေးယူဆောင်ရွက်လျက်ရှိကြောင်းမွန်ပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။

Leave a Reply