Advertisements

မော်လမြိုင် မတ်

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဈေးနှုန်းများသည် ဒေါ်လာဈေး အတက်အကျအပေါ် မူတည်၍ ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး ခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း စက်သုံးဆီ ဈေးကွက်မှ သိရသည်။

မွန်ပြည်နယ် စက်သုံးဆီဈေးကွက်သည် မတ်လ ၂၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၈၃၀ ဝန်းကျင်မှ မတ်လ ၂၇ ရက်နေ့တွင် ကျပ် ၈၆၀ ဝန်းကျင်အထိ ရှိပြီး အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၂၅ ကျပ်မှ ကျပ် ၉၄၀ အထိရှိကြောင်း စက်သုံးဆီ ဆိုင်များမှ သိရသည်။

စက်သုံးဆီများသည် ဒေါ်လာဈေး အတက်အကျအပေါ်မူတည်၍ ပြောင်းလဲနေပြီး လက်ရှိ ဒေါ်လာဈေးနှုန်းမှာလည်း အနည်းငယ် မြင့်တက်လာကြောင်း စက်သုံးဆီ ရောင်းဝယ်သူ တစ်ဦးကပြောသည်။

မွန်ပြည်နယ်တွင် မတ်လ ၂၇ ရက်နေ့ စက်သုံးဆီ ဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၉၄၅ ကျပ်မှကျပ် ၈၇၀ ၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၉၁၀ ကျပ်မှကျပ် ၉၄၀၊ ရိုးရိုး ပရီမီယမ် တစ်လီတာ ၁၀၂၅ ကျပ် ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

တေဇ

==

Leave a Reply