မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်နယ်အတွင်းရှိ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်နေသူများအတွက် ဆောင်းသီးနှံ ချေးငွေ သိန်း ၃၀ဝ၀ဝ ကျော် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီး ဌာန မြန်မာလယ်ယာဖွံ့ဖြိုးရေး ပြည်နယ်ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

logo-copy

အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေးများကို အောက်တိုဘာမှ ဇန်နဝါရီလကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ပြီး၊ ယင်းချေးငွေကို ဇွန်လကုန်တွင် ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မိုးတွင်းမှာ ကျွန်တော်တို့ အနေနဲ့ စပါးသီးနှံ တစ်ခုထဲကိုပဲ ချေးပေးတယ်၊ နွေမှာဆို ပဲအမျိုးမျိုးနဲ့ နှမ်းတို့ ပါထုတ် ချေးပဲတယ်”ဟု ၎င်းက ပြောဆိုသည်။

ဆောင်းရာသီးနှံများကို စိုက်ပျိုးမည့်သူများအတွက် စပါးတစ်ဧကလျှင် ကျပ် ၁၅၀ဝ၀ဝ နှင့် ပဲအမျိုးမျိုး၊ မြေပဲ၊ နှမ်း များကိုပါ တစ်ဧကလျှင် ကျပ် ၂၀ဝ၀ဝ ဆီ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

စိုက်ပျိုးစရိတ် ချေးယူလိုသူများအနေဖြင့် လယ်ယာမြေပိုင်ဆိုင်သည့် ပုံစံ ၇ အပါအဝင်၊ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန၏ ဆောင်းသီးနှံ စိုက်ပျိုးမှု ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူနှင့် သန်ကောင်းစာရင်း မိတ္တူတို့ကို ယူဆောင်လာရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုချေးငွေက နွေစပါးစိုက်ပျိုးရင် တော့မလောက်ဘူး၊ စရိတ်တော့ ကာမိသွားတယ်၊ နောက်ပြီး တစ်ဧကကို ဝဲက သုံးအိတ် လောက်ကြဲရတယ်၊ ဆီဖိုးကလည်း ရှိသေးတယ်၊ ဒီထက် ပိုတိုးပေးရင်တော့ ကောင်းမယ်”ဟု မော်လမြိုင်မြို့နယ် ကော့လှာကျေးရွာနေ လယ်သမား ဦးတင်လှိုင်က ပြောဆိုသည်။

ထို့အပြင် စိုက်ပျိုးစရတ်များအတွက် စပါးတစ်ဧကလျှင် ၂၀ဝ၀ဝ၀ ကျပ်နှင့် ပဲအမျိုးအစုံး အပါအဝင် မြေ၊ပဲ နှမ်း များအတွက် တစ်ဧကလျှင် ၅၀ဝ၀ဝ ကျပ်လောက် ထုပ်ချေးပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း၌ ဆောင်းရာသီ သီနှံများအတွက် စိုက်ပျိုးစရိတ် ချေးငွေ ကျပ် သိန်း ၂၂၉၅၃ ကျော်ကို ထုတ်ချေးပေးခဲ့ကြောင်း မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန မြန်မာ လယ်ယာဖွံ့ဖြိုးရေး ပြည်နယ်ဘဏ်ခွဲ၏ စာရင်းများမှ သိရသည်။

Leave a Reply