မော်လမြိုင်၊ဖေဖော်ဝါရီ ၂၃ ။ ။ မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်ခွင့် ဖြေဆိုရန် စာရင်းပေးထားသူ ၂၀၇၂၈ ဦးရှိပြီး၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ လေး ဦး ပါဝင်ကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင့်အောင်က ဟင်္သာမီဒီယာ သို့ပြောကြားသည်။

ကိုယ်အင်္ဂါ မသန်စွမ်းသူများသည် ကျိုက်ထိုမြို့နယ်မှ တစ်ဦးနှင့် ဘီလင်းမြို့နယ်မှ သုံးဦးပါဝင်ကြောင်း ၄င်းကပြောသည်။

“ကိုယ်အင်္ဂါ မသန်းစွမ်းတွေအတွက် စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန် အချိန်လောက်အောင် ကြိုတင်စီစဉ် ပေးထားပါတယ်၊ စားမေးပွဲ ဖြေဆိုအချိန်ကို နာရီဝက် ပိုပေးထားပါတယ်” ဟု ဦးမျိုးတင့်အောင် က ပြောသည်။

၂၀၁၅ ခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် ဖြေဆိုသူ ၁၈၀၀၀ ကျော်ရှိရာ စာစစ်ဌာနပေါင်း ၄၅ ခုထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် ဖြေဆိုရန် စာစစ်ဌာနပေါင်း ၄၈ ခုအထိ တိုးချဲ့ထားသည်ဟု ဦးမျိုးတင့်အောင်က ပြောကြားသည်။

မွန်ပြည်နယ်သည် ၂၀၀၉-၂၀၁၄ ခုနှစ်အထိ ခြောက်နှစ်ဆက်တိုက် တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်ခွင့် အောင်ချက် ပထမဆု ရှိထားသည့် ပြည်နယ်ဖြစ်ပြီး ၂၀၀၈ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ဒုတိယဆုသာ ရရှိခဲ့သည်။

၂၀၁၅ခုနှစ်- ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို မတ်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

Leave a Reply