Advertisements

မော်လမြိုင်၊ စက်တင်ဘာ

ဒစ်ဂျစ်တယ် လျှပ်စစ်မီတာကို မွန်ပြည်နယ်တွင် ၄၅ ရာခိုင်နှုန်းသာ တပ်ဆင်ပေးနိုင်သေးကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ပိုင်မျိုးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“နေရာတိုင်းမှာ ဒစ်ဂျစ်တယ် အဆင့်မြင့်မီတာအသုံးပြုမှုကို ဖြည်းဖြည်းချင်းလုပ်ဆောင်သွားမှာပါ၊ အရင်ကဆိုရင် Analog မီတာကို အသုံးပြုနေလို့ တစ်ရက်ကို ၁ ဘီလီယံလောက် နိုင်ငံတော်အခွန်အခ ဆုံးရှုံးနေရတယ်၊ အဲလိုနိုင်ငံတော်အခွန်  ဆုံးရှုံးမှုလျော့နည်းစေဖို့အတွက် ဒစ်ဂျစ်တယ်အဆင့်မြင့်မီတာ အသုံးပြုမှုကို လုပ်ဆောင်ရတာဖြစ်တယ်”ဟု ဦးသက်ပိုင်မျိုးက ပြောသည်။

Advertisements
data-language="en"

မွန်ပြည်နယ်တွင် လျှပ်စစ်မီတာခ နှစ်စဉ်လေလွင့် ဆုံးရှုံးနေရသဖြင့် ဒစ်ဂျစ်တယ် အဆင့်မြှင့် မီတာစနစ်ဖြင့် ဓာတ်အားသုံးစွဲသူများထံမှ လျှပ်စစ်ဓာတ်အား မီတာခကို အတိအကျရရှိစေရန် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီလိုစနစ်နဲ့ လုပ်ဆောင်တာဟာ ဝန်ထမ်းတွေအတွက်လည်း အချိန်ကုန်သက်သာပြီး လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ အမှားအယွင်းမရှိဘဲ တိကျမြန်ဆန်အောင်ရယ်၊ ပြည်သူတွေ အမှန်တစ်ကယ်အသုံးပြုနေတဲ့ မီတာခကိုသာ ကောက်ခံရယူတာဖြစ်ပြီး ပြည်သူတွေဆီက အခွန်အခပိုယူချင်လို့ မဟုတ်ဘူး”ဟု ဦးသက်ပိုင်မျိုးက ထပ်လောင်းပြောဆိုသည်။

ဒစ်ဂျစ်တယ် မီတာများကို တပ်ဆင်ပေးရာတွင် လျှပ်စစ်သုံးစွဲသူများထံမှ ငွေကြေးကောက်ခံခြင်းမပြုဘဲ လျှပ်စစ်ဌာနအနေဖြင့်သာ ပြန်လည်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်မီတာအဟောင်းကို ဒစ်ဂျစ်တယ် အဆင့်မြင့်မီတာ လာလဲပေးစဉ်ကတော့ ပိုက်ဆံမပေးရဘူး၊ ဒါပေမယ့် ဖျူ့ (FUSE) ခံရမယ်၊ ဖျူ့မခံရင် အိမ်ကို မီးဆောင့်မယ်ဆိုပြီး သူတို့ကုမ္ပဏီရောင်းတဲ့ ဖျူ့ကိုပဲ ၈၅၀၀ နဲ့ ပေးဝယ်ရတယ်”ဟု ရွှေမြိုင်သီရိရပ်ကွက်မှ ဦးကျော်ဝင်းစိုးက သူ၏ အတွေ့အကြုံကို ပြောသည်။

မွန်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လူဦးရေ ၂ သိန်းနီးပါးရှိသော်လည်း ဒစ်ဂျစ်တယ် မီတာအသုံးပြုမှုမှာ ၈၇,၂၅၀ လုံးသာရှိကာ Analog မီတာကို အသုံးပြုနေမှု ၁၀၆.၆၂၉ လုံး၊ လမ်းမီး မီတာ ၄၂၅ လုံးနှင့် ယာယီမီတာ ၂၁ လုံးရှိကြောင်း၊ မြို့နယ်အသီးသီးတွင် တပ်ဆင်ပေးထားနိုင်သော်လည်း လမိုင်းမြို့နယ်ခွဲတွင် ဒစ်ဂျစ်တယ်မီတာ တပ်ဆင်ပေးနိုင်ခြင်းမရှိသေးကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှတ်တမ်းအရ သိရသည်။

Written by – ခေတ်မင်း

 

Leave a Reply