Advertisements

မော်လမြိုင်၊ ဧပြီ

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၄၇၅ သန်းအထိ ဝင်ရောက်ခဲ့ကြောင်း ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူးဦးစီးဌာနရုံး စာရင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ ကန်ဒေါ်လာ ၄၇၅ သန်းကို နိုင်ငံခြားသား ကုမ္ပဏီ ခုနှစ် ခုမှ လာရောက် မြှုပ်နှံခဲ့ခြင်းဖြစ်သည်။
လာရောက် ရင်းနှီးမြှုပ်နှံခဲ့သည့် ကုမ္ပဏီများတွင် Myanmar Korea Cement Group Co,Ltd မှ ဘိလပ်မြေ ထုတ်လုပ်ခြင်းအတွက် ကန်ဒေါ်လာ သန်း ၂၀၀၊ MOSB Ltd မှ ကမ်းလွန် ရေနံဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ဖြန့်ဖြူးခြင်းအတွက် ကန်ဒေါ်လာ သန်း ၁၁၈ ဒဿမ ၅၃၈ သန်း အပါအဝင် ကုမ္ပဏီ ခုနှစ် ခုမှ လာရောက် မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့် အပေါ် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေးမှူးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက “ကျွန်တော်တို့ ကော်မတီဘက်ကတော့ ဖြေလျော့လို့ရတာ မှန်သမျှဖြေလျော့ပြီး လမ်းဖွင့်ပေးထားတယ်”ဟု ဆိုသည်။

သို့သော် ရင်းနှီးမြှုပ်နှံရန် လာရောက်ကြသည့် လုပ်ငန်းရှင်များသည် မြေနေရာမရှိခြင်း၊ ငှားရမ်းခွင့် တင်ရာတွင် ကြန့်ကြာနေခြင်းနှင့် ဒေသခံများမှ လက်မခံခြင်းများကြောင့် မလုပ်ဘဲ ပြန်သွားသည့် အခြေအနေများလည်း ရှိနေကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

မွန်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို မော်လမြိုင်၊ သထုံ၊ မုဒုံနှင့် သထုံတို့တွင်သာ အများဆုံး ရွေးချယ် လုပ်ကိုင်ကြပြီး ချောင်းဆုံ၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် လုပ်ကိုင်ခဲ့ခြင်း မရှိသေးပေ။

မွန်ပြည်နယ်တွင် ၁၉၉၄ ခုနှစ် မှ ၂ဝ၁၈ ခုနှစ် မတ်လကုန်ထိ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း စုစုပေါင်း ၃၀ မှ ကန်ဒေါ်လာ သန်း ၅၅၅၁ သန်းကျော်ကို လာရောက် မြှုပ်နှံထားကြောင်း ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

သို့သော် NLD အစိုးရ တာဝန်ယူသည့် ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ်တွင်မူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခုမျှ ဝင်ရောက် လာခဲ့ခြင်း မရှိပေ။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply