မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်တွင် နို့စားနွားများမှ ရရှိသောနို့များကို ပြည်တွင်းဈေးကွက်တွင် ပြန်လည်အသုံးပြုနိုင်ရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နို့ပေါင်းစက်ရုံသုံးရုံကို တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

cow

အဆိုပါ နို့ပေါင်းစက်ရုံကို မော်လမြိုင်၊ သထုံနှင့် ဘီးလင်းမြို့များတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်သန်းဝင်းက ပြောကြားသည်။

ဈေးကွက်အတွင်း နို့စားနွားများဖြစ်ထွန်းမှု အားနည်းလာသောကြောင့် အဆိုပါစက်ရုံများ ဆောက်လုပ်ပြီးပါက ဈေးကွက်များ ဖြစ်ထွန်းလာရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး နွားနို့ပါကင်ဗူးများပါ ဖြန့်ချိသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဈေးကွက်ဖွံ့ဖြိုးရင် ဖွံ့ဖြိုးသလောက် ပါကင်ကောင်းကောင်းလေးတွေ လုပ်မယ်”ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

ယခင်က မွန်ပြည်နယ်၊ မုဒုံမြို့တွင် နို့ပေါင်းစက်ရုံ တစ်ရုံသာ ရှိခဲ့ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် နို့ပေါင်းစက်ရုံများမှ ရရှိသောနွားနို့များကို ကျောင်းနေအရွယ် ကလေးမျာအား နို့တိုက်ကျွေးမည့် အစီအစဉ်များပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

Written by – ရင်ငြိမ်းချမ်း

Leave a Reply