Photo by – ဒေါတ်တာထွန်းလွင်Facebook Page

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၅ ။ ။ မိုးလေဝသ ခန့်မှန်းချက်များအရ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှ ၂၁ရက်နေ့ထိ မွန်ပြည်နယ်ရှိ မြို့များတွင် နေ့အပူချိန် မြင့်တက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က ဟင်္သာမီဒီယာ သို့ ပြောကြားသည်။

Photo by – ဒေါတ်တာထွန်းလွင်Facebook Page
Photo by – ဒေါတ်တာထွန်းလွင်Facebook Page

“ဒီနှစ်က အယ်နီညိုပါ၊အပူချိန် တော်တော် မြင့်မှာပါ၊ကျွန်တော် အမြဲတမ်းပြောနေတဲ့အတိုင်းပါပဲ၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတွေမှာ အပူချိန်မြင့်မယ်၊ ဖြစ်မြဲအပူချိန်ထက် သုံးဒီဂရီ လောက်ပိုသွားမယ်၊ ပုံမှန်အနေ အထားထက် အပူချိန်မြင့်မှာပါ ”ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

မွန်ပြည်နယ် အပါအဝင် မွန်ပြည်နယ် နှင့် နီးစပ်ရာဒေသများ ဖြစ်သော ကရင်ပြည်နယ်၊ နှင့်တနင်္သာရီတိုင်းဒေသကြီးတွင် နေ့အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် နှင့် ၄၅ ဒီဂရီစင်တီဂရိတ် ထိမြင့် လာမည် ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်ကဆိုသည်။

အဆိုပါ ပြည်နယ် နှင့် တိုင်းများ အပြင် မကွေးတိုင်း၊ ပဲခူးတိုင်းတို့လည်း နေ့အပူချိန်မြင့် တက်မည် ဖြစ်ကြောင်း ၎င်း ကထပ်လောင်းပြောကြားသည်။

ယခုနှစ် နွေရာသီသည် အယ်နီညိုဟု ခေါ်ဆိုသော အပူပိုင်းခြောက်သွေ့သည့် ရာသီဖြစ်သောကြောင့် မြန်မာ နိုင်ငံတွင် အပူချိန်လွန်ကဲမည်ဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒပညာရှင်များကပြောသည်။

Leave a Reply