မော်လမြိုင်၊ မတ် ၅ ။ ။ မွန်ပြည်နယ်တွင် နှစ်လတာအတွင်း မီးလောင်ကျွမ်းမှု ၁၉ အကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်းတစ်ရာ နီးပါး ရှိခဲ့ကြောင်း မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်က ပြောကြား သည်။

fire

မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ အတွင်း မီးဖိုမီးမှ လောင်ကျွမ်းမှု ငါးကြိမ်၊ ပေါ့ဆမီး ခုနှစ်ကြိမ်၊ လျှပ်စစ်မီးမှ လောင်ကျွမ်းမှု လေးကြိမ်၊ ရှို့မီး လေးကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်ရုံ အလုပ်ရုံတွေနဲ့ ရပ်ကွက်တွေမှာဆို တစ်အိမ် တက်ဆင်း ကြိုတင်စစ်ဆေးတာတွေ လုပ်တယ််၊ ကျောင်းတွေ စျေးတွေမှာဆို မီးဘေးအန္တရာယ် အကာ အကွယ်အတွက် သရုပ်ပြလေ့ကျင့်မှုတွေ လုပ်တယ် ဆီပန့်ဆိုင်များ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် သူတို့ဆီက ဝန်ထမ်းတွေကို စနေ၊ တနင်္ဂနွေ နေ့တွေမှာ လေ့ကျင့်မှုများ ပြုလုပ်ပေးလျက်ရှိပါတယ််”ဟု ၎င်းက ပြောဆိုသည်။

ယခုနှစ်အတွင်း မြန်မာပြည်အနှ့ံ မီးလောင်မှုဖြစ်စဉ်များသည် နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိပြီး ဆုံးရှုံးမှုတန်ဖိုး များမှာလည်း ယခင်နှစ်ထက် ပိုမိုများပြားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

“လူတော်တော်များများ ပြောနေကျတာတော့ အယ်နီညိုကြောင့် မီးလောင်မှုပိုများနေတယ်ပေါ့ ဆိုပြီး ပြောနေ ကြတယ် အယ်နီညိုကြောင့် ရာသီဥတု ပိုပူပြင်းတာ မှန်ပေမဲ့ လူတွေက မီးသုံးစွဲတဲ့အခါ ဂရုတစိုက်မသုံးစွဲလို့ အခုလိုဖြစ်နေတာပါ” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

၂၀၁၅ ခုနှစ် မွန်ပြည်နယ်အတွင်း မီးလောင်သည့်အကြိမ်ပေါင်း ၅၄ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးဘေးဒုက္ခသည် ၁၀၀ ဦးနှင့် ဆုံးရှုံးမှုတန်ဖိုး သိန်း ၂၈၀ ကျော်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

Leave a Reply