မော်လမြိုင်၊ မတ် ၂၂ ။ ။ မွန်ပြည်နယ်တွင် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်လာခဲ့ခြင်းကြောင့် ယခင်နှစ်ထက် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ပိုမို မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူးရုံး (မွန်ပြည်နယ်) ထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၅၄၆၄၁၀ ဦးဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် မွန်ပြည်နယ်အတွင်းသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၆၁၉၀၂၆ ဦး ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်လက ပြည်နယ်အတွင်းသို့ ပြည်တွင်း ခရီးသွားဧည့်သည် ၅၆၅၀၃၄ ဦးနှင့် ပြည်ပနိုင်ငံခြားသား ခရီးသွားဧည့်သည် ၅၃၉၉၂ ဦး ဝင်ရောက်ခဲ့ခြင် ဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။

“ထိုင်းနိုင်ငံသားတွေပဲ လာတာများတယ်၊ နိုင်ငံခြားသာအများစုက ကျိုက်ထီးရိုး သွားတာများတယ်”ဟု မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးဟောက်ကျင်မုန့်က ပြောကြားသည်။

၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၂၂၈၁၆၉၄ ဦးဝင်ရောက်ခဲ့ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်မှုနှုန်း တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူးရုံး မှတ်တမ်းအရ သိရသည်။

Written by – ခင်နန်းဌေး

Leave a Reply