NNER အဖွဲ့ဖွဲ့စည်း ခြင်း အထိမ်းအမှတ်ပြုလုပ်စဉ်

မော်လမြိုင် ၊ မတ်လ ၁၂ ။ ။ မွန်ပြည်နယ် ပညာရေး အဆင့်အတန်း မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ် ပညာရေး စနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်NNER ကွန်ရက် ကို မတ်လ၁၂ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း NNER (ရန်ကုန်)ကို ဦးဆောင်သူ ဒေါက်တာသိန်းလွင်က ပြောကြားသည်။

NNER အဖွဲ့ဖွဲ့စည်း ခြင်း အထိမ်းအမှတ်ပြုလုပ်စဉ်
NNER အဖွဲ့ဖွဲ့စည်း ခြင်း အထိမ်းအမှတ်ပြုလုပ်စဉ်

“သက်ဆိုင်ရာ မွန်ပြည်နယ်အစိုးရ၊ နေပြည်တော် အစိုးရပိုင်းတွေကို ပညာရေးနဲ့ပတ်သက်ပြီးတော့ တင်ပြ တောင်းဆိုမှုတွေလုပ်မယ်၊လက်ရှိ အချိန်မှာတိုင်းရင်းသားဘာသာစကား၊မိခင်ဘာသာစကားနဲ့ ပညာသင်ကြားနိုင်အောင်ဆောင်ရွက်ရမယ်၊အဲ့ဒါကြောင့် မွန်ပြည်နယ် မှာဖွဲ့စည်းတာပါ၊”ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။

မွန်ပြည်နယ်တွင်သာမက NNER ပညာရေးအဖွဲ့အစည်းကို တိုင်းနဲ့ပြည်နယ် အသီးသီးတွင် ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်NNERအဖွဲ့တွင် မော်လမြိုင်နည်းပညာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ မော်လမြိုင် ကျောင်းသား သမဂ္ဂ၊ MON STATE CSOအဖွဲ့၊ မွန်ပြည်နယ် လူငယ်ကွန်ရက်တို့အပါအဝင် မွန်ပြည်နယ် အခြေစိုက် ပညာရေးစနစ်ပြုပြင်ပြောင်းလဲစေရန် အထောက်အကူပြုစေမည့် အရပ်ဖက်အဖွဲ့အစည်းများ ဖြင့် ဖွဲ့စည်းခဲ့ ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ ပညာရေးစနစ်တွေက ချွတ်ခြုံကျနေပြီ၊ ကျွန်တော်တို့က ဒါ သင်၊ ဒါ ဖြေ စနစ်နဲ့ သွားခဲ့ရ တာ ကြာပြီ၊ တကယ်တမ်းကျတော့ ကျွန်တော်တို့ပညာမတတ်ပါဘူး၊ ၊ ကျွန်တော်တို့တွေဘွဲ့ရပြီးတော့ အပြင်ရောက်သွားရင်သင်တန်းတွေပြန်တက်နေရတယ်၊ပညာရေးမြင့်မားဖို့အတွက် လိုအပ်နေတယ်”ဟု မော်လမြိုင်နည်းပညာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တာဝန်ခံ တင့်ထူးအောင်က ပြောသည်။

လက်ရှိ အတည်ပြုထားသည့် အမျိုးသားပညာရေး ဥပဒေတွင် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့ စည်းပိုင် ခွင့်၊လှုပ်ရှားပိုင်ခွင့် တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီမှာ သမဂ္ဂရဲ့ကိုယ်စားလှယ်ပါဝင်ခွင့်ရရှိရေးနှင့် တိုင်းရင်းသားဘာသာစကား သင်ကြားနိုင်ရေး အစရှိသည်တို့ကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် NNERအဖွဲ့က ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း အဆိုပါကွန်ရက် ထံမှသိရသည်။

Leave a Reply