Advertisements

မော်လမြိုင်၊ နိုဝင်ဘာ

မွန်ပြည်နယ်တွင် ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက ပြစ်မှုကြီး ၁၄ မှု ဖြစ်ပွားခဲ့ရာ လူသတ်မှု ၅ မှု၊ မုဒိမ်းမှု ၁ မှုအပြင် သက်ငယ်မုဒိမ်းမှု ၆ မှုထိ ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ခင်မောင်ဝင်းက ပြောကြားသည်။

“၂၀၁၇မှာ အောက်တိုဘာလအထိတော့ မုဒိန်းမှုနဲ့ လူသတ်မှုကတော့ အဖြစ်အများဆုံးပဲ”ဟု ၎င်းက မှတ်ချက်ပြုသည်။

အောက်တိုဘာလအတွင်း၌ အထက်ပါ အမှု ၁၂ မှုအပြင် လုယက်မှု ၁ မှု၊ မတရားအသင်း ၁ မှု၊ ပေါင်း ၁၄ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သက်ငယ်မုဒိမ်းမှုကတော့ မိဘတွေလည်း လိုတာပေါ့။ နောက်ပြီး ယောင်္ကျား၊မိန်းမ အနေနီးစပ်မှုပေါ့။ ပညာပေးလုပ်ငန်းတွေလည်း လုပ်ပေးနေပါတယ်”ဟု ၎င်းက ဆိုသည်။

လူသတ်မှု ၅ မှုမှာ ပေါင်မြို့နယ်တွင် ၂ မှု၊ ကျိုက်ထိုမြို့နယ် ၁ မှု၊ ရေးမြို့နယ် ၂ မှု ဖြစ်ပွားခဲ့ပြီး မုဒိန်းမှုမှာ မုဒုံမြို့နယ်တွင် ၂ မှု၊ ကျိုက်ထို၊ ချောင်းဆုံ၊ ကျိုက်မရော၊ ပေါင်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ၁ မှုစီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လုယက်မှုသည် ရေးမြို့နယ်တွင် ၁ မှုနှင့် မတရားအသင်းသည် ကျိုက်မရောမြို့နယ်တွင် ၁ မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းက ထပ်မံပြောသည်။

၂၀၁၇ ဇန်နဝါရီလမှ စက်တင်ဘာလအထိ လူသတ်မှု ၄ဝ မှု၊ မုဒိန်းမှု ၄ဝ မှု၊ လုယက်မှု ၁၄ မှု၊ မတရားအသင်း ၃ မှု၊ တိရိစ္ဆာန်ခိုးမှု ၁ မှု နှင့် ဓါးပြမှု ၁ မှု ဖြစ်ပွားခဲ့ကြောင်း စာရင်းအရ သိရသည်။

Written by – ထိုက်ထိုက်

Leave a Reply