(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ဘာသာကြီးလေးခုမှ လူငယ်များသွားရောက်လေ့လာနေစဉ်)

မွန်ပြည်နယ်တွင် မတူကွဲပြားသော ဘာသာရေးအဖွဲ့များပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
မြန်မာနိုင်ငံ ဆက်လက်လျှောက်လှမ်းမည့် ဒီမိုကရေစီအရေးတွင် နိုင်ငံသားများအကြား ယုံကြည်မှု မြှင့်တင်နိုင်ရန်နှင့် ပိုမိုကောင်းမွန် သဟဇာတဖြစ်သော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ‘မတူညီမှုများအကြား ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်ခြင်း’ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့က မော်လမြိုင်မြို့ NEI (National Enlightenment Institute) ၌ ပြုလုပ်ခဲ့ကြောင်း အဆိုပါ သင်တန်းကျောင်း၏ဥက္ကဋ္ဌ ဦိးကျော်စံဝင်းက ပြောသည်။

“ပဋိပက္ခတွေမဖြစ်ရအောင် နောက်ပြီးမတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ မတူညီတဲ့လူမျိုးတွေ၊ မတူညီတဲ့ ဘာသာတရားတွေကြားထဲမှာ အတူတူ ဘယ်လိုနေသွားကြမယ်ဆိုတာ ဒီဟာလေးအတွက် အဖြေပေါ်အောင်လို့ ဒါလေးကိုလုပ်တာ”ဟု ၎င်းက ဆိုသည်။

Interfaith Dialogue Workshop (တွေ့ဆုံဆွေးနွေးပွဲ) အများကြီးပြုလုပ်လာပါက ဘာသာတရားတွေကြား နားလည်မှုတွေ ထားလာနိုင်ပြီး ဘာသာရေးပဋိပက္ခများလည်း လျော့ကျလာမည်ဖြစ်ကြောင်း မွန်ပြည်နယ်လူငယ် CSO တစ်ခုဖြစ်သည့် MYCC စာဖတ်အသင်းမှ ကိုဟိန်းအာကာစိုးက ပြောဆိုသည်။

“ကျွန်တော်က ဘာသာတရားဆိုတာထက် လူသားအနေနဲ့ဘဲ ကျွန်တော်မြင်တယ်၊ ဘာသာတိုင်းက သူဟာနှင့်သူတော့ ကောင်းကျိုးတွေ ရှိကြပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တွေ့ဆုံပွဲတွင် ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ မဟာယန(တရုတ်) နှင့် ဗုဒ္ဓဘာသာ စသည့် ဘာသာရေး ခေါင်းဆောင်များက ၎င်းတို့၏ ဘာသာဖြစ်ပေါ်လာပုံများကို ဆွေးနွေးခဲ့ကြကြောင်း အခမ်းအနားမှတ်တမ်းအရ သိရသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ဘာသာကြီးလေးခုမှ လူငယ်များသွားရောက်လေ့လာနေစဉ်)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ဘာသာကြီးလေးခုမှ လူငယ်များသွားရောက်လေ့လာနေစဉ်)

“ဘာသာတရားတိုင်းကတော့ အားလုံးဟာမကောင်းတာကိုတော့ မပြထားဘူးပေါ့နော် အားလုံးကတော့ ကောင်းတာလုပ်ဖို့ဘဲ ညွှန်ပြထားတာပေါ့နော် ဒါပေမဲ့ဒီမှာ လူမျိုးစုလိုက် ဘာသာအလိုက်မူတည်ပြီးတော့ ဘာသာကြီးလေးရပ်အပေါ် ကိုးကွယ်ကြတာပါဘဲ”ဟု မွန်ပြည်နယ်ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးမောင်အေးက ပြောသည်။

တစ်ဘာသာနှင့် တစ်ဘာသာကြား ပေါင်းစပ်ညှိနှိုင်း၍ အယူဝါဒနှင့် ကိုးကွယ်ယုံကြည်မှုများ ကိုးကွယ်ပုံကိုးကွယ်နည်းများအား တစ်ဖက်နှင့် တစ်ဖက်သိခွင့်ရသောကြောင့် ယခုတွေဆုံဆွေးနွေးပွဲသည် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးမှု အတွက် ပဏမ ခြေလှမ်းဖြစ်ကြောင်း မွန်ပြည်နယ် အစ္စလာမ်ရေးရာ ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးစန်းမောင်လင်းက ဆိုသည်။

အဆိုပါတွေ့ဆုံပွွဲကို မော်လမြိုင်မြို့ NEI (National Enlightenment Institute) နှင့် PIN (People In Need) အဖွဲ့တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြာင်း၊ တွေ့ဆုံပွဲအပြီး ဒီဇင်ဘာလ ၂၃ ရက်တွင် ဦးဇိနဘုရား၊ ဘိုကုန်း ဟိန္ဒူဘုရားကျောင်း၊ စူရတီဗလီ၊ မဂိုဗလီ၊ ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း (first Baptist Church)၊ ရှင်မသဲဘုရားကျောင်း (St.Methrew Church)၊ ဟုန်စံစီဘုံကျောင်း စသည့်နေရာများအား ဘာသာပေါင်းစုံ လေ့လာရေးခရီးသွားခဲ့ကြကြောင်း NEI မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply