Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

အခြားပြည်နယ်ဘက်မှ ဝယ်ယူမှုများနေသည်အတွက် မွန်ပြည်နယ်ထွက် ကျွဲကောသီးများ ယခင်နှစ်ထက်ဈေးနှုန်း မြင့်တက်နေကြောင်း မော်လမြိုင်မြို့ရှိသစ်သီးအရောင်းဆိုင်များထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်က မွန်ထွက် ကျွဲကောသီးတစ်လုံးလျှင် ၂၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ ယခုဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ၃၅၀၀ ကျပ်အထိ မြင့်တက်နေကြောင်း သစ်သီးအရောင်းဆိုင်ရှင် ဒေါ်သဲသဲက ပြောသည်။

“မွန်ပြည်နယ်ဘက်မှာ ထွက်တဲ့ ကျွဲကောသီးက အရည်အသွေး ကောင်းတော့ ရန်ကုန်၊ မန္တလေးဘက်က မှာယူမှုများနေတဲ့အတွက်၊ ဒီပြည်နယ်မှာလည်း လက်ကျန်နည်းနေတဲ့အတွက် ဈေးတက်ရတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းနယ်စပ်၊ မြဝတီဘက်မှ တင်သွင်းသည့် ထိုင်းကျွဲကောသီးများမှာ မွန်ပြည်နယ်ထွက်အသီးအောက် အရည်အသွေးနိမ့်ကျခြင်းကြောင့် စားသုံးသူများအနေဖြင့် ပြည်နယ်ထွက်အသီးများကိုသာစားသုံးကြခြင်းဖြစ်ပြီး အရောင်းအဝယ်အားကောင်းနေကြောင်း ၎င်းက ဆက်လက် ပြောသည်၊၊

“မော်လမြိုင်ကျွဲကောသီးကျတော့ အရည်များပြီးတော့ ချိုနေတဲ့အတွက် အရည်ခြောက်တာ အဖြစ်နည်းတယ်”ဟု ရေးမြို့နယ် ၊ မြသီတာဈေးတွင် သစ်သီးရောင်းဝယ်သူတစ်ဦးက ဆိုသည်။

ကျွဲကောသီးအမျိုးအစားနှစ်မျိုးအနက် သကြားသီးအဖြုုရောင်အသီးတစ်လုံးလျှင် အရွယ်အစားအပေါ် မူတည်၍ ၁၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။

Written by ဂေထော

Advertisements
<

Leave a Reply