Advertisements

မော်လမြိုင်၊ ဇန်နဝါရီ

မွန်ပြည်နယ်တွင် ယခုနှစ်စမှ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၇၉၀၀၀ ထုတ်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရှိန်ဝင်းက ပြောကြားသည်၊၊

ယင်းသို့ ကတ်ပြားထုတ်ပေးရာ၌ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ၁၀နှစ်အထက်ကလေးများကို ကတ်ပေါင်း၂၃၀၀၀ နှင့် ၁၈နှစ်အထက်များကို ကတ်ပေါင်း ၁၈၀၀၀ ထုတ်ပေးခဲ့ကြောင်း၊ ယခုနှစ် အထက်ဖော်ပြပါကာလအထိ စာရင်းအရ ၁၀ နှစ်အထက်ကလေးများကို ကတ်ပေါင်း ၃၃၀၀၀ နှင့် ၁၈နှစ်အထက်ကို ကတ်ပေါင်း ၄၆၀၀၀ ထုတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်၊၊

“ ဒီနှစ်မှာ ၁၀နှစ်အထက်ကလေးတွေအတွက် ကျောင်းတွေမှာ ကွင်းဆင်းလုပ်ပေးတယ်၊၊ နောက်ပြီး အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တက်တဲ့ကျောင်းသားတွေအတွက်လည်း အထောက်အကူပြုတာပေါ့၊၊ နိုင်ငံသားတစ်ဦးအတွက် ရသင့်တဲ့အခွင့်အရေးတစ်ရပ်လည်းဖြစ်တယ်”ဟု ၎င်းက ဆိုသည်၊၊

လာမည့် ၂၀၁၈ခုနှစ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းများတွင် ကွင်းဆင်းလုပ်ဆောင်ပေးမည်ဖြစ်ပြီး ကျေးရွာများတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှုုးထံမှ စာရင်းစစ်ကာ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်၊၊

Written by ဂေထော

Leave a Reply