Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၂၁

မွန်ပြည်နယ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားမှာ ၅၇ ဒသမ ၁၄ ရာခိုင်နှုန်းသာ ရှိနေ သောကြောင့် တာဝန်ခွဲဝေဆောင်ရွက်ရာတွင် အင်အားမလုံလောက်မှု အခက်အခဲရှိကြောင်း အမှတ် (၁၂)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(မွန်) မှ ရဲမှူးကျော်သူကပြောကြားသည်။

ဖွဲ့စည်းပုံအရ အင်အား ၁၂၆ ဦးရှိရမည်ဖြစ်သော်လည်းလက်ရှိ ၇၂ ဦးသာ ခန့်ထား တာဝန်ပေးနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“တချို့ပြည်သူတွေက ပြောကြတယ်၊ VIP လမ်းကြောင်းလာရင် ယာဉ်ထိန်းတွေ ပွနေတာပဲ။ ကျောင်းတက် ကျောင်းဆင်းချိန်မှာလည်း ယာဉ်ထိန်းတွေ ပွနေတာပဲ။ ကျန်တဲ့အချိန်မှာ ယာဉ်ထိန်းတွေ မတွေ့ဘူး တို့၊ မီးပွိုင့်မှာ မတွေ့ဘူးတို့။ ကျွန်တော်တို့မှာ ရုံးတာဝန်လည်း ရှိတယ်၊ ကျောင်းချိန်၊ VIP လမ်း
ကြောင်းလည်း ကူးရသေးတယ်။ ဟိုဘက်ဒီဘက် ပြေးနေရတယ်။ ဒီရှိတဲ့ အင်အားနဲ့ မျှသုံးနေရတယ်။ ကျွန်တော်တို့အားနည်း ချက်ရှိပါတယ်၊ အင်အားအရ ဖြစ်တာပါ” ဟု ရဲမှူးက ဖြည့်စွက်ပြောသည်။

လမ်းကြောရှင်းလင်းရေး၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး၊ ယာဉ်မတော်တဆမှု စစ်ဆေးရေးများအပြင် ရုံးလုပ်ငန်းစသည်တို့ကို ရှိသည့်အင်အားဖြင့် မျှဝေဆောင်ရွက်နေရကြောင်း၊ လက်ရှိအချိန်တွင် တပ်ဖွဲ့ဝင်အင်အား နည်းပါးလျက်ရှိသဖြင့် ဈေးကြိုမီးပွိုင့်၊ ဗဟိုလမ်း၊ အထက်လမ်းမကြီးစသည့် လူ/ ယာဉ်အသွားအလာထူထပ်ရာ၊အရေးကြီးသော နေရာများ၌သာ တာဝန်ခွဲဝေချထားနိုင် သေးကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

မွန်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး ဒေသအတွင်းသို့ ပြည်တွင်းပြည်ပမှ ဧည့်သည်များ ပိုမိုဝင်ရောက်လာသည့်အပြင် သယ်ယူပို့ဆောင်မှုနှင့် အသွားအလာ ယခင်ထက် များစွာထူ ထပ်လာကြောင်း၊ ယာဉ်ကြောလမ်းကြော အကျပ်အတည်း ဖြစ်ပေါ်လာကာ တာဝန်ထမ်းဆောင်ရာ
တွင်တပ်ဖွဲ့ဝင်အင်အားနည်းနေသောကြောင့်အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း၊မွန်ပြည်နယ်တွင် ၁၀ မြို့ နယ်ရှိသော်လည်း လက်ရှိအခြေအနေအရ ၅ မြို့နယ်တွင်သာ တာဝန်ယူနိုင်သေးကြောင်း၊ ချောင်းဆုံ၊ ကျိုက်မရော ၊ သံဖြူဇရပ်၊ရေးနှင့်ပေါင်မြို့နယ်တို့၌ တာဝန်မယူနိုင်သေးကြောင်း၊ စည်းကမ်းထိန်းသိမ်းမှုအပိုင်းနှင့် ယာဉ်လမ်းရှင်းလင်းမှုအပိုင်းတွင် အားနည်းချက်ရှိခဲ့ပါက ပြည်သူလူထုအနေဖြင့် နားလည်ပေးရန်လိုကြောင်း ရဲမှူးကျော်သူက ရှင်းပြသည်။

“နိုင်ငံခြားမှာဆိုရင်နည်းပညာနဲ့ဖြေရှင်းတယ်။ အားလုံးက Control Centre နဲ့ထိန်းချုပ်တယ်။ CCTV Camera တွေ တပ် ထားတယ်။ စည်းကမ်းဖောက် လာပြီဆိုရင်ယာဉ်ထိန်းကား တွေတဝေါဝေါထွက်သွားပြီးမှ အရေးယူတာလုပ်တယ်။ ရန်ကုန်မှာControl Centre နဲ့ စ ထိန်းချုပ်နေပြီ။ ကျွန်တော်တို့ မှာက လူအင်အားနဲ့ ထိန်းရတဲ့အတွက် ယာဉ်ထိန်းအင်အား မချပေးနိုင်သေးတဲ့ မြို့နယ်တွေ မှာပါ အင်အားလိုတာပေါ့”ဟုထပ်လောင်းပြောကြားသည်။

ဌာနချုပ်ခွင့်ပြုချက်အရ အင်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် ယာဉ်ထိန်းရဲတပ်သား သစ်စုဆောင်းထားရာ ၂၀၁၆တွင် ၂၂ ဦးနှင့် ယခုနှစ် ၁၁ ဦးသာ ရရှိထားကြောင်း သိရသည်။

အဂ္ဂနန်

Advertisements
<

Leave a Reply