မော်လမြိုင်၊ နိုဝင်ဘာ ၁၇ ။ ။ မွန်ပြည်နယ်တွင် ယခု ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ ဆယ်လတာ ကာလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် လူပေါင်း ၂၅၅ ဦးအထိ သေဆုံးခဲ့ရကြောင်း မွန်ပြည်နယ် အမှတ် ၁၂ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

logo-copy

ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၅၅ ဦးအပြင် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၄၆ ဦးအထိ ရရှိခဲ့ကြောင်း အဆိုပါရုံး၏ မှတ်တမ်းများအရ သိရသည်။

ယာဉ်မတော်တဆမှုများတွင် ဆိုင်ကယ်မတော်တဆမှု ၃၃၈ မှု၊ မော်တော်ယာဉ်မတော်တဆမှု ၂၉၃ မှုနှင့် ထော်လာဂျီ မတော်တဆမှု ၁၅ မှုရှိခဲ့သည်။

ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုများတွင် ယာဉ်ကို မဆင်မချင် မောင်းနှင်ခြင်းနှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်းများကြောင့် သေဆုံးမှု အများဆုံးဖြစ်ပွားနေသည်ဟု မွန်ပြည်နယ် အမှတ် ၁၂ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

ယာဉ်မတော်တဆမှုများကြောင့် သေဆုံးခဲ့ရာ၌ ပေါင်မြို့နယ်တွင် ၄၈ ဦး၊ သထုံတွင် ၄၄ ဦးနှင့် မော်လမြိုင်တွင် ၃၈ ဦးအထိရှိခဲ့ပြီး အခြားသော မြို့နယ်များတွင်လည်း ယာဉ်မတော်တဆမှုများဖြင့် သေဆုံးမှုများရှိနေကြောင်း အဆိုပါရုံးမှ သိရသည်။

written by – ရင်ငြိမ်းချမ်း

Leave a Reply