မော်လမြိုင်၊ မေ ၆မွန်ပြည်နယ်တွင် လူရည်ချွန် ၁၈ ဦး ရွေးချယ်ခံရကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြင့်သန်းက ပြောသည်။

မော်လမြိုင်ခရိုင်မှ လူရည်ချွန် ၁၂ ဦးနှင့် သထုံခရိုင်မှ လူရည်ချွန် ၆ ဦး စုစုပေါင်း ၁၈ ဦး ရွေးချယ်ခံခဲ့ရပြီး သထုံမြို့နယ်မှ ၄ ဦး၊ ပေါင်မြို့နယ်မှ ၂ ဦး၊ မော်လမြိုင်မြို့နယ်မှ ၆ ဦး၊ ချောင်းဆုံမြို့နယ်မှ ၂ ဦး၊ မုဒုံမြို့နယ်မှ ၂ ဦးနှင့် သံဖြူဇရပ်မြို့နယ်မှ ၂ ဦး ရွေးချယ်ခံရခြင်းဖြစ်သည်။

လူရည်ချွန် ရွေးချယ်ခဲ့သည့် အတန်းများမှာ အဋ္ဌမတန်းမှ ကျောင်းသား၊ ကျောင်းသူ ၆ ဦး၊ နဝမတန်းမှ ကျောင်းသား၊ ကျောင်းသူ ၆ ဦး၊ ဒဿမတန်းမှ ကျောင်းသား၊ ကျောင်းသူ ၆ ဦးတို့ စိစစ်ရွေးခဲ့ခြင်း ဖြစ်သည်။

ဟင်္သာမီဒီယာ

Leave a Reply