Advertisements

မော်လမြိုင်၊ မတ် ၂၈

မကြာမီ ကျရောက်တော့မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၌ မွန်ပြည်နယ်ရှိ မဏ္ဍပ်များတွင် သံချပ်ထိုးခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောကြားသည်။

“မြန်မာသင်္ကြန်ပဲ ၊သံချပ်မပါ ဘယ်နေလို့ရမလဲ၊ မြန်မာပြည် သင်္ကြန်မှာ သံချပ်ပါရမယ်။ သံချပ်ထိုးမယ့် စာသားတွေကိုတော့ တင်ပြ ၊ ဖတ်ကြည့် ၊လုံးဝမဖြတ်ဘူး။ ဖြတ်ဖို့လည်း စိတ်မကူးဘူး”ဟု ဝန်ကြီးချုပ်ကဆိုသည်။

ထို့အပြင် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် လမ်းလျှောက်သင်္ကြန်ပွဲကိုပါ ထပ်မံပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

မွန်ပြည်နယ်မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် ပြည်နယ်အစိုးရအနေဖြင့် လာမည့်အပတ်အတွင်း ကော်မတီအစည်းအဝေးပြုလုပ်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သင်္ကြန်အတွင်းမှာလည်း ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းရမယ်။ ဥပဒေဘောင်အပြင်ကနေပြီး ဘာတစ်ခုမှ ခွင့်မပြုဘူး။ ဆိုင်ကယ်ပါဝါအိပ်ဇောတွေကိုတော့ သင်္ကြန်ကာလအတွင်းမှ မဟုတ်ဘူး။အခုလည်းအရေးယူမယ်” ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောသည်။

တနင်္သာရီတိုင်းဒေသကြီးရှိ ဗဟိုမဏ္ဍပ်တွင် ယခုနှစ်သင်္ကြန်၌ သံချပ်ထိုးခွင့် မပြုရန် မူချမှတ်ထားသော်လည်း မွန်ပြည်နယ်အတွင်းရှိ မြန်မာရိုးရာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သည့် မဏ္ဍာပ်များတွင် သံချပ်ထိုးခွင့်ရရှိမည်ဖြစ်သည်။

Written by ခေတ်မင်း

Leave a Reply