မော်လမြိုင်၊ မေ

မွန်ပြည်နယ်တွင် မိုးရာသီ ခရီးသွား လုပ်ငန်း မြှင့်တင်သည့် အနေဖြင့် ဟိုတယ်၊ တည်ခိုးခန်းခများ လျော့ချရန်အတွက် လုပ်ငန်းရှင်များနှင့် ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းး မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း( မော်လမြိုင်ဇုန်) ဥက္ကဌ ဦးချန်ထွန်းက ပြောကြားသည်။

ဟိုတယ် လုပ်ငန်းရှင်များနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို မေလ နောက်ဆုံး အပတ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဥက္ကဌ တစ်ယောက်အနေနဲ ဈေးနှုန်းကို ထိန်းလု့ိမရဘူး၊ လုပ်ငန်းရှင်တွေနဲ ညှိရမယ်၊ အမိန့်ပေးလိုမရဘူး၊ ညှိနှိုင်းမှု အဆင်ပြေရင်တော့ မလိုက်နာတဲ့လူတွေကိုတော့ အရေးယူသွားမည်” ဟု ၎င်းက ဆိုသည်။

ဈေးနှုန်များ လျော့ချခြင်းကြောင့် နိုင်ငံခြားသား ဝင်ရောက်မှုများလည်း အားကောင်းလာမည်ဖြစ်ပြီး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ဟိုတယ် ဈေးနှုန်များ လျော့ချမည့် ညှိနှိုင်းတွေဆုံပွဲအတွက် ဖိတ်စာ မရောက်သေးကြောင်း ရွှေမြင့်မိုရ်ထွန်းဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ခရီးသွားများ အများဆုံး လာရောက်သည့် ကျိုက်ထီးရိုးတောင်ပေါ်တွင်လည်း ဟိုတယ် ဈေးနှုန်းများ မြင့်မားနေသည့်အတွက် လုပ်ငန်းရှင်များနှင့် တွေဆုံညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးချန်ထွန်းက ပြောဆိုသည်။

Written by – ခင်နန်းဌေး

Leave a Reply