မော်လမြိုင် ၊ မတ် ၂ ။ ။ ( ၄၂ ) ကြိမ်မြောက် မွန်ပြည်နယ်နေ့ အခန်းအနားကို မော်လမြိုင်မြို့ ရှိ ပြည်နယ် ခန်း ၌မတ်လ ၁၉ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း မွန်ပြည်နယ် စီးပွားရေး နှင့် စီမံကိန်းဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမင်းနွယ်စိုး ကပြောကြားသည်။

“ဒီနှစ် ထူးခြားတာတစ်ခုကတော့ ပြည်နယ်ဂုဏ်ဆောင်အဖွဲ့တွေကို ဆုချီးမြှင့်ပေးမယ် လုပ်တာ ၃နှစ် လောက်ရှိပြီီး ပြည်နယ်ဂုဏ်ဆောင်ဆုဆိုတာ ပြည်နယ်မှာရှိတဲ့ လူတွေ ဌာနတွေ အဖွဲ့အစည်းတွေ သတ်မှတ် ထားတဲ့ဌာနမှာ သူတ်ို့ရဲ့လုပ်ဆောင်မှုတွေကို ကောင်းတယ်လို့ ထောက်ခံတင်ပြလာရင် ဆုချီးမြှင့်ပေးမည်”ဟု ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

ထို့နောက် မော်လမြိုင်မြို့ သာသနာဗိမာန်၌ သံဃာတော် ၉ ပါးကို မွန်ပြည်နယ်အစိုးရက ဆွမ်းကပ် လှူဒါန်း မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ပြည်နယ်ခန်းမ၌ ကုန်စည်ပြပွဲများ၊ ဌာနဆိုင်ရာပြခန်းများ၊အားကစားနှင့် ဖျော်ဖြေပွဲများ ကျင်းပသွား မည်ဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုးကပြောသည်။

၂၀၁၅ခုနှစ် မွန်ပြည်နယ်နေ့ အထိန်းအမှတ် အခမ်းအနားကို မုဒုံမြို့နှင့် ဖျော်ဖြေရေးပွဲများ ကို စက်စဲ ကမ်းခြေတွင်နေရာခွဲ ၍ ကျင်းပခဲ့သည်

Leave a Reply