Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

မွန်ပြည်နယ်နှင့် ဂျပန်နိုင်ငံChiba ပြည်နယ်တို့ကြား ချစ်ကြည်ရေးဒေသ သတ်မှတ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရှေ့ပြေးအနေဖြင့် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

ယင်းသို့ ချစ်ကြည်ရေးဒေသ သတ်မှတ်ပြီးအပြန်အလှန်ဆက်သွယ်ကာ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံ Chiba ပြည်နယ်တာဝန်ရှိသူတို့က လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဦးမင်းကျော်လွင်က ပြောသည်။

‘‘ဝန်ကြီးချုပ်က NCA(အပစ်ရပ်စာချုပ်လက်မှတ်ထိုးပွဲ) ကိစ္စနဲ့ ခရီးထွက်နေတော့ မတွေ့လိုက်ရပါဘူး။ ရှေ့ပြေးအနေနဲ့ သူတို့လာပြီး လုပ်နိုင်တာတွေ ဆွေးနွေးတာ။ ဝန်ကြီးချုပ်လာရင် သူတို့ ထပ်တွေ့ပြီး တစ်နှစ်ကို ၁၀ ဦး၊ ၁၅ ဦးပို့ပြီး ကုမ္ပဏီက နည်းပညာပံ့ပိုးပေါ့။ အခုလာမိတ်ဆက်တာပါ။ ဝန်ကြီးချုပ်ရောက်မှ ထပ်တွေ့ပြီး အဆုံးအဖြတ် ဖြစ်မှာပါ” ဟု ဦးမင်းကျော်လွင်က ဆိုသည်။

ထိုတွေ့ဆုံမှုတွင်ကား၊ ရေခဲသေတ္တာစသည့် အသုံးမလိုတော့သည့် စွန့်ပစ်လျှပ်စစ်ပစ္စည်းများမှတစ်ဆင့် စွမ်းအင်၊ လောင်စာ တောင့်များတစ်ဖန်ပြန်ထုတ်လုပ်မည့်ကိစ္စများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဆင်မြှင့်တင်ရေး နည်းပညာများ ပံ့ပိုးပေးနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည် ၂၀၁၇ ခုနှစ်အတွင်း ပြည်ပမှ မွန်ပြည်နယ်သို့ လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံ၂၉ နိုင်ငံရှိကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုညွှန်ကြားရေးမှူးရုံးထံမှသိရသည်။

Written byt ခင်နန်းဌေး

Advertisements
<

Leave a Reply