မော်လမြိုင် ၊ သြဂုတ် ၂

မွန်ပြည်နယ်ရေးရာလေ့လာစရာ သင်ရိုးသစ်ကို အချောသတ်ထားသောစာအုပ် အတည်ပြုချက်ရယူပွဲကို မော်လမြိုင် မြို့ရှိ ပြည်နယ် ပညာရေးမှူးရုံးတွင် ဝသဂုတ်လ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်ရိုးကို ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် (သို့မဟုတ်) ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်တို့တွင် စတင်သင်ကြားရန်ပြင်ဆင်နေပြီး မည့်သည့် ပညာသင်နှစ်တွင် စတင်သင်ကြားမည်ကို တိတိကျကျ မပြောနိုင်သေးကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင် ကပြောကြားသည်။

“ ကျွန်မတို့ အခုအတည်ပြုချက်ရပြီးပြီဆိုတော့ ပြည်နယ် အစိုးရရဲ့ သဘောထား မှတ်ချက်ရယူမယ်။ ဒီစာအုပ်ကို ထုတ်ပေးနိုင်ဖို့ နဲ့ သင်ကြားမယ့် ဆရာတွေ ကို သင်တန်းပေးဖို့ ဘက်ဂျက်တောင်းခံမယ်။” ဟု ၎င်း ကဆိုသည်။

ထိုသင်ရိုးညွန်တန်သစ် အတည်ပြုပွဲအခမ်းအနားတွင် လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း၊ ပအို့တိုင်းရင်းသားဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ သင်ရိုးညွှန်းတန်းရေးဆွဲရေးကော်မတီ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ ကတာဝန်ရှိသူများက တက်ရောက်ပြီး အတည်ပြုချက်ပေးခဲ့ခြင်း ဖြစ်သည်။

“ ပထမတော့သင်ရိုးရေးဆွဲဖို့ နည်းပညာအားနည်းတဲ့ အခက်အခဲရှိခဲ့တယ်။ အဲ့ဒီလုပ်ငန်းစဉ်တောက် လျှောက်မှာ အောင်အောင်မြင်မြင်ဖြစ်ဖို့ အတွက်ကတော့ ကျွန်မတို့ ပညာရေးဌာနနဲ့ မိတ်ဖက်အဖွဲ့ အစည်း ဖြစ်တဲ့ ယူနီဆက်ဖ် အဖွဲ့ကနေပြီးတော့နည်းပညာ ပိုင်းဆိုင်ရာထောက်ပံ့ ရယူဆောင်ရွက်ခဲ့ရတယ်” ဟု ဒေါက်တာ ချိုချိုမြတ်အောင်က ပြောသည်။

အဆိုပါ မွန်ပြည်နယ် ရေးရာလေ့လာစရာသင်ရိုးသစ် ကို Grade1၊ Grade2၊ Grade3 များတွင် သင်ကြားသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများထံ မှသိရှိရသည်။

အဆိုပါသင်ရိုသစ်စာအုပ်တွင် ဒေသဆိုင်ရာသိမှတ်ဖွယ်ရာများ၊ တိုင်ရင်းသားလူမျိုးများဓလေ့ထုံစံ၊ မွန်ပြည်ဒေသဆိုင်ရာပထဝီဝင်၊စီးပွားရေအခြေခံ စသည့်အကြောင်းအရာများပါဝင်ကြောင်း ပညာရေး ဝန်ကြီးဌာန ထံမှ သိရသည်။

စိုင်းထွန်းစံ

Leave a Reply