မော်လမြိုင် ၊ မတ်လ ၂၄ ။     ။ မွန်ပြည်နယ်ရှိကျောင်းနေအရွယ်ကျောင်းသား၊ ကျောင်းသူများဒေါ်အောင်ဆန်းစုကြည် ပညာသင်ဆုကိုမတ်လမှစတင် လျှောက်ထားနိုင်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးကျော်ထွေးကပြောကြားသည်။

“ပညာသင်ဖို့ငွေကြေးအခက်အခဲရှိတဲ့သူတွေ၊ သူတို့တွေ စာတော်ခြင်းညံ့ခြင်းကိုအဓိကမထားဘူး၊ လျှောက် လိုရတယ်။ အဓိကကတော့ ကျောင်းတက်ဖို့ အခက်အခဲရှိနေတဲ့ကလေးတွေကိုရည်ရွယ်ပြီးတော့ ပေးတာပါ၊ ပညာသင်ကြားလိုစိတ်ရှိပြီးကျောင်းမတက်ရဘူးဖြစ်နေတဲ့ ကလေးတွေရဲ့အခက်အခဲတွေကိုအဓိကဖြေရှင်းပေးသွားမှာဖြစ်ပါတယ် ”ဟု ၎င်းကပြောကြားသည်။

ပညာသင်ဆုလျှောက်ထားရန် ပြည်နယ်နှင့်တိုင်းများရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီရုံးခန်းများတွင်လျှောက်လွှာများအခမဲ့ထုတ်ယူနိုင်ကြောင်း ၎င်းကပြောသည်။
dddd
မူလတန်း၊ အလယ်တန်း၊ အထက်တန်း ၊တက္ကသိုလ်အဆင့်တို့ကိုပညာသင်ဆုကိုပေးအပ်သွားမည် ဖြစ်ကြောင်းပညာရေးကွန်ရက်မှ သိရသည်။

၂၀၁၆- ၂၀၁၇ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူစုစုပေါင်း၁၅၀ ယောက်ကိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းအဆိုပါကွန်ရက်မှ သိရသည်။

၂၀၁၂ မှ စတင်ကာပညာသင်နှစ် တစ်နှစ်လျှင်  မြန်မာနိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူစုစုပေါင်း ၉၀ဦးတို့ကို ထောက်ပံ့ခဲ့ကြောင်းယင်းကွန်ရက် ထံမှ သိရသည်။

မူလတန်းနှင့် အလယ်တန်းအဆင့်ကိုငွေကျပ် တစ်လလျှင် တစ်သောင်းကျပ်၊ အထက်တန်းအဆင့်ကိုငွေကျပ်သုံးသောင်း၊ တက္ကသို်လ် အဆင့်ကိုငွေကျပ် ငါးသောင်း နှစ်စဉ်ထောက်ပံ့ခဲ့ကြောင်းဦးကျော်ထွေးကဆိုသည်။

မွန်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်မှ စတင်ကဒေါ်အောင်ဆန်းစုကြည် ပညာသင်ဆုရရှိသူ ၅ဦးခန့်ရှိကြောင်းပညာရေးကွန်ရက်ထံမှ သိရသည်။

Leave a Reply