ရန်ကုန်၊ ဒီဇင်ဘာ ၂၂
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အဓိက ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ် ရှစ်မျိုး သည် ဘေးအန္တရာယ် ကင်းရှင်းမှု နှင့် အရည်အသွေးအားမခံချက် မရှိသည့် စားသောက်ကုန်များ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်သည်။
အဆိုပါ ငရုတ်သီးမှုန့် အမှတ်တံဆိပ်များမှာ ရွှေကျီး၊ ညွှန့်၊ ကောင်း၊ ကရဝိတ်၊ ကောင်းကောင်း၊ စိန်၊ မြဝတီ နှင့် ရွှေတီတို့ဖြစ်ပြီး စျေးကွက်အတွင်းရှိ ငရုတ်သီးမှုများကို အစားအသောက်နှင့် ဆေးဝါး ကွတ်ကဲရေး ဦးစီးဌာနက နမူနာ ကောက်ယူစစ်ဆေးပြီးနောက် ယင်းသို့ ကြေညာခြင်းဖြစ်သည်။
အဆိုပါ ငရုတ်သီးမှုန့် ရှစ်မျိုးအပါအဝင် တစ်နိုင်ငံလုံးရှိ ငရုတ်သီးမှုန့်၊ မဆာလာမှုန့် အမှတ်တံဆိပ် စုစုပေါင်း ၅၉ ခုကို ဘေးအန္တရာယ်ကင်းရှင်းမှု မရှိကြောင်း ကြေညာခြင်းဖြစ်ပြီး အချို့သော အမှတ်တံဆိပ်များမှာ ထုတ်လုပ်သည့် နေရာများ မပါရှိကြောင်း တွေ့ရသည်

Leave a Reply