Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်ရှိတောင်သူများတွက် အလုပ်အကိုင်များ ရရှိစေနိုင်မည့် အုန်းမွှေးစိုက်ပျိုးခြင်းကို ကျိုက်မရောမြို့နယ်တွင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။

ကျိုက်မရောမြို့နယ်၊ ခရုံဂူအနီးတွင် မြေဧက ငါးသောင်းနီးပါးရှိပြီး ယင်းနေရာတွင် ကုမ္မဏီနှစ်ခုက စိုက်ပျိုးရန် လာရောက်တင်ပြထားကာ ယိုးဒယားမျိုး အုန်းမွှေးစိုက်ပျိုးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ မြေဧက ငါးသောင်းနီးပါးတွင် INNOFARMING ကုမ္မဏီက ၁၅၂ ဧကတွင် အစမ်းစိုက်ပျိုးမည်ဖြစ်ပြီး အောင်မြင်ပါက တောင်သူများကိုသူ စိုက်ပျိုးစေမည်ဖြစ်ကာ ၎င်းမှ ထွက်ရှိသည့် အုန်းမွှေးအရည်များကိုလည်း နိုင်ငံခြား တင်ပို့ရန် ပြန်လည် ဝယ်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့ပြင် အုန်းမွှေးပင်မှ ထွက်ရှိသည့် ကုန်ကြမ်းများကိုလည်း အလေအလွင့် မဖြစ်စေရန် ယင်းကုမ္မဏီက လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ဒါ့အပြင် အုန်းမွှေးများကို ပြည်သူများက ဈေးနူန်းချိုသာစွာ ဝယ်ယူနိုင်မှာဖြစ်သည့်အတွက် လက်ရှိ အုန်းမွှေးပေါက်ဈေးထက် များစွာသက်သာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

Written by ရင်ငြိမ်းချမ်း

Photo from http://www.asiafarming.com

Advertisements
<

Leave a Reply