မွန်ပြည်နယ်ရှိ မြို့နယ်တိုင်းမှာ ပရဟိတအဖွဲ့တွေက ရေဘေးသင့်ပြည်သူတွေအတွက် အလှူခံဌာနတွေဖွင့်ပြီး ခရီးသွားပြည်သူတွေဆီက အလှူခံလျှက်ရှိကြပါတယ်။ မော်လမြိုင်မြို့ရဲ့ ယ.ထ.က ယဉ်လိုင်းတစ်ခုဖြစ်တဲ့ အမှတ်(၅) ယဉ်လိုင်းကလည်း သူတို့ရဲ့ တစ်နေတာ ရရှိငွေကို ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။ အလှူခံရရှိတဲ့ ပစ္စည်းများကို သဘာဝရေဘေး အများဆုံးခံစားနေရတဲ့ ဧရာဝတီတိုင်းကို သွားရောက်လှူဒါန်းမယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

Leave a Reply